နိုဝင်ဘာ ၂၅
တောင်ကိုရီးယားနိုင်ငံတွင် ကလေးမွေးဖွားမှုနှင့်ပတ်သက်၍ လူမှုအမြင်များ ပြောင်းလဲလာခြင်းနှင့်အတူ မွေးဖွားနှုန်း ၂၇ လဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည့် စာရင်းအင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း မွေးဖွားခဲ့သည့် ကလေးငယ်အရေအတွက် စုစုပေါင်း ၂၅၁၁၃ ဦး ရှိရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှစတင်ကာ မွေးဖွားမှုနှုန်းဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်ဟု ဒေတာနှင့် စာရင်းအင်းဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း မွေးဖွားခဲ့သည့် ကလေးငယ်စုစုပေါင်း ၂၁၈၈၉၆ ဦးရှိခဲ့ရာ ယခင်နှစ် အလားတူကာလကထက် ၁၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
အဆိုပါကိုးလတာကာလအတွင်း မွေးဖွားမှုတိုးတက်နှုန်းသည် သက်ဆိုင်ရာစာရင်းအင်းများ စတင်ကောက်ယူခဲ့သည့် ၁၉၈၁ ခုနှစ်မှစ၍ အမြင့်ဆုံးတိုးတက်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုးသမီးတစ်ဦး၏ဘဝတစ်လျှောက် ပျမ်းမျှမွေးဖွားမည့် ကလေးအရေအတွက်သည်လည်း ယခင်နှစ် အလားတူကာလထက် ၀ ဒသမ ၁၀ တိုးလာခဲ့ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ၀ ဒသမ ၉၅ အထိ ရှိလာခဲ့သည်။
မွေးဖွားမှုနှုန်း ဆက်တိုက်မြင့်တက်လာရခြင်းသည် လွန်ခဲ့သောနှစ်နှစ်အတွင်း လက်ထပ်ထိမ်းမြားမှုနှုန်း မြင့်တက်လာခြင်း၊ အသက် ၃၀ ဝန်းကျင်ရှိ လူဦးရေ တိုးပွားလာခြင်းနှင့် ကလေးမွေးဖွားခြင်းအပေါ် လူမှုအသိုင်းအဝိုင်း၏သဘောထားများ ပိုမိုအပြုသဘောဆောင်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်ထားသည်။
သို့ရာတွင် အနာဂတ်ကလေးမွေးဖွားနှုန်းကို ကြိုတင်ခန့်မှန်းနိုင်သည့် အဓိကညွှန်းကိန်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားသော လက်ထပ်ထိမ်းမြားမှုနှုန်းမှာမူ ကျဆင်းလာသည့် လက္ခဏာများ တွေ့ရှိခဲ့ရသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း လက်ထပ်ထိမ်းမြားခဲ့သည့် စုံတွဲအရေအတွက် ၁၆၂၉၉ တွဲရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။
ကွာရှင်းပြတ်စဲမှု အရေအတွက် စုစုပေါင်း ၇၄၇၆ မှု ရှိကာ ၄ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး သေဆုံးသူအရေအတွက် ၂၉၈၁၈ ဦး ရှိကာ ၆ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် သေဆုံးသူအရေအတွက်သည် မွေးဖွားလာသည့် ကလေးငယ်အရေအတွက်ထက် ပိုမိုများပြား နေဆဲဖြစ်သဖြင့် ထိုလအတွင်း သဘာဝလူဦးရေ လျော့ကျမှု ၄၇၀၅ ဦး ရှိခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို