
#Local_News
Published 25 November 2026
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ် မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
■ ဗီယက်နမ်နိုင်ငံသည် နိုဝင်ဘာ ၂၈ ရက်တွင် ဟနွိင်းမြို၌ (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးကိုလည်း မြန်မာနိုင်ငံနှင့် ပူးတွဲကျင်းပမည်ဖြစ်ကြောင်း VietnamNet Global သတင်းဌာနက ဖော်ပြထားချက်အရ သိရသည်။
■ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် CLMV ထိပ်သီးအစည်းအဝေးတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတိုအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးချိတ်ဆက်မှုနှင့် ဖွံဖြိုးတိုးတက်မှုကွာဟချက် လျှော့ချရေးတိုကို အဓိကဆွေးနွေးကြမည်ဖြစ်သည့်အပြင် ACMECS ၏ လက်ရှိဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို ပူးတွဲညှိနှိင်း၍ (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ အစည်းအဝေးများသို ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟွန်း၊ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုဝန်ကြီးချုပ် ဆလွမ်ဆိုင်း ကွန်မာဆစ်၊ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်မ်ဟွန်းတို တက်ရောက်ကြမည် ဖြစ်ပြီး ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲအစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်ေကြာင်း သိရသည်။
■ CLMV ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အာဆီယံအဖွဲဝင် နိုင်ငံများအကြား ဖွံဖြိုးတိုးတက်မှုကွာဟချက်များ လျှော့ချရန်နှင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု အား ကောင်းလာစေရန်ရည်ရွယ်ထားပြီး ယင်းပူးပေါင်းဆောင်ရွက်မှုတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး စသည့် ကဏ္ဍရှစ်ရပ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိေကြာင်း သိရသည်။
■ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အချက်အလက်များအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း CLMV နိုင်ငံများ၏ လူတစ်ဦးချင်း GDP သည် နှစ်စဉ်ပျမ်းမျှ ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အာဆီယံအခြားခြောက်နိုင်ငံ၏ တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ထိုပြင် ၂၀၂၅ ခုနှစ်တွင် CLMV လေးနိုင်ငံ၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ထရီလီယံခန့်ရှိခဲ့ပြီး အာဆီယံ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times