Xinhua Myanmar

လူသားမျိုးနွယ်တို့အနေဖြင့် ထွန်းသစ်စ နည်းပညာများကို တာဝန်ယူမှုရှိစွာ အသုံးပြု၍ စီမံခန့်ခွဲသင့်ဟု တရုတ်နိုင်ငံ သံတမန် ပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အလယ်-ရှေ့) နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ ဟော်မုဇ်ရေလက်ကြားဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

လူသားမျိုးနွယ်တို့အနေဖြင့် ဉာဏ်ရည်တုနည်းပညာ (AI) ကဲ့သို့သော ထွန်းသစ်စနည်းပညာများကို တာဝန်ယူမှုရှိစွာ အသုံးပြု၍ စီမံခန့်ခွဲသင့်သည်ဟု တရုတ်နိုင်ငံ သံတမန်တစ်ဦးက နိုဝင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာ အလုံးစုံဆန်းသစ်ပြောင်းလဲမှုနှင့် စက်မှုလုပ်ငန်း အသွင်ကူးပြောင်းမှု အသစ်တစ်ရပ်သည် အရှိန်အဟုန်အားကောင်းလာပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် မကြုံစဖူး အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ယူဆောင်လာသည်ဟုလည်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။

AI နှင့် မောင်းသူမဲ့စနစ်များကဲ့သို့သော ထွန်းသစ်စနည်းပညာများသည် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် အားကောင်းသည့် လက်နက်ကိရိယာများ ဖြစ်လာနိုင်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေသည့် တွန်းအားများလည်း ဖြစ်လာနိုင်ကြောင်း နည်းပညာ အလျင်အမြန် တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလ၌ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ထွန်းသစ်စနည်းပညာများ သင့်လျော်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားမျိုးနွယ်တို့အပေါ် အကျိုးပြုနိုင်ရေးအတွက် နိုင်ငံအားလုံးအနေဖြင့် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

"နည်းပညာကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုခွင့်ရှိတဲ့ နိုင်ငံအားလုံးရဲ့ တရားဝင်အခွင့်အရေးတွေကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အမျိုးသားလုံခြုံရေး အယူအဆကို အလွန်အကျွံ ချဲ့ကားပုံဖော်တာ၊ နည်းပညာဆိုင်ရာ အတားအဆီးတွေ ချမှတ်တာနဲ့ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တာတွေကို ရှောင်ကြဉ်ရပါမယ်" ဟု ဖုက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ နည်းပညာစီမံခန့်ခွဲမှုအတွက် အဓိကလမ်းကြောင်းအဖြစ် ပါဝင်ဆောင်ရွက်နေသော ကုလသမဂ္ဂ၏ အခန်းကဏ္ဍကိုလည်း ထောက်ခံအားပေးကြရန် တရုတ်နိုင်ငံသံတမန်က တိုက်တွန်းခဲ့သည်။

"ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေနဲ့ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို လိုက်နာစောင့်ထိန်းရမှာဖြစ်သလို နည်းပညာဆိုင်ရာ အားသာချက်ကို အသုံးချပြီး တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်တာ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာတွေကို ဆန့်ကျင်ရပါမယ်" ဟုလည်း ၎င်းက ပြောသည်။

ဆန်းသစ်တီထွင်မှုအတွက် အခြေခံကောင်းများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ တာဝန်သိ အင်အားကြီးနိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံသည် နည်းပညာတိုးတက်မှုများကို ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် သာယာဝပြောရေးအတွက် လက်တွေ့အကျိုးကျေးဇူးများအဖြစ် တက်ကြွစွာ ပြောင်းလဲဖော်ဆောင်ပေးခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကိုလည်း ကမ္ဘာ့နိုင်ငံများနှင့် မျှဝေပေးခဲ့ကြောင်း ဖုက ဆိုသည်။

နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းမှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော တွန်းအားများ ဖြည့်တင်းပေးနိုင်ရန်အလို့ငှာ တရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံးဆိုင်ရာ နည်းပညာစီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် လက်တွဲဆောင်ရွက်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

..................................

(English Version)

Humanity should use, govern emerging technologies in responsible manner: Chinese envoy

UNITED NATIONS, Nov. 24 (Xinhua) -- A Chinese envoy said Tuesday that humanity should use and govern emerging technologies such as artificial intelligence (AI) in a responsible manner.

A new round of scientific and technological revolution and industrial transformation is accelerating, bringing unprecedented opportunities and challenges to international peace and security, said Fu Cong, China's permanent representative to the United Nations.

Emerging technologies such as AI and unmanned systems could become powerful tools for maintaining peace, but could also become drivers of conflict escalation, he told a Security Council open debate on conflict resolution in an era of rapid technological change.

He stressed that all states should strengthen unity and cooperation to ensure emerging technologies develop for good and benefit humanity.

"We must effectively safeguard the legitimate rights of all countries to use technology for peaceful purposes, and avoid overstretching the concept of national security, erecting technological barriers, and inciting bloc confrontation," Fu said.

The envoy also urged support for the United Nations in playing its role as the main channel for global technology governance.

"We must adhere to the purposes and principles of the UN Charter and relevant international law, and oppose using technological advantage to violate the sovereignty of other states or interfere in their internal affairs," he said.

As a fertile ground for innovation and a responsible major country, China has actively translated technological progress into real benefits for people's livelihoods and well-being, and has shared development opportunities with the rest of the world, Fu said.

China stands ready to work with all parties to build a fair and equitable global technology governance system, so that technological transformation will inject strong impetus into world peace and development, he added.

Photo caption: China's permanent representative to the United Nations Fu Cong (C, front) vetoes a UN Security Council draft resolution on the Strait of Hormuz at the UN headquarters in New York, on April 7, 2026. (Xinhua/Xie E)

မူရင်းသတင်း — Xinhua Myanmar