
ဘဲလ်ဂရိတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ဥရောပအနေဖြင့် တရုတ်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေသင့်ကြောင်း၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ကျင့်သုံးခြင်းသည် ဥရောပ စီးပွားရေး၏ ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်ရရှိရေးအတွက် အကျိုးမရှိကြောင်း ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်တွင် နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် အထူးဆွေးနွေးပွဲတစ်ခု၌ တက်ရောက်လာကြသော ဥရောပ ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲကို ဘဲလ်ဂရိတ်မြို့ အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စင်တာ (CIRSD) က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ကာ တက်ရောက်သူများက အီးယူ (ဥရောပသမဂ္ဂ)–တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး၊ စက်မှုလုပ်ငန်း ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဥရောပ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်ရပ်တည်မှု စသည့် ခေါင်းစဉ်များကို ဗဟိုပြု၍ ဆွေးနွေးခဲ့ကြသည်။
ဗီယင်နာ တက္ကသိုလ် အရှေ့အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူး Rudiger Frank က တင်သွင်းခွင့်ပမာဏကန့်သတ်ချက်၊ စည်းကြပ်ခွန် ထပ်ဆောင်းကောက်ခံခြင်း စသည့် ကန့်သတ်အစီအမံများသည် ကုန်ပစ္စည်းဈေးနှုန်းများကို လူတို့၏ လုပ်ဆောင်ချက်ဖြင့် မြင့်တက်စေကာ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းနှင့် အရင်းအနှီးရှာဖွေရေး ကုန်ကျစရိတ်များကို မြင့်တက်စေသည်ဟု ပြောကြားခဲ့သည်။ ဥရောပအနေဖြင့် အစိုးရ၏ အကာအကွယ်ပေးမှုကို အလွန်အကျွံ မှီခိုခြင်းထက် ပင်ကိုယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အာရုံစိုက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် အီးယူ–တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေး၏ အဓိကသော့ချက် ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ဘုံအကျိုးစီးပွားရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
CIRSD ၏ ညွှန်ကြားရေးမှူး၊ ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း Vuk Jeremic က အီးယူ–တရုတ် စီးပွားရေးမှာ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်မှု အားကောင်းကြောင်း၊ အစိမ်းရောင် အသွင်ကူးပြောင်းရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေး စသည့် နယ်ပယ်များတွင် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အခြေခံ ရှိကြောင်း ဖော်ပြခဲ့သည်။ ဥရောပအနေဖြင့် မဟာဗျူဟာမြောက် ကိုယ်ပိုင်ရပ်တည်မှုကို အကောင်အထည်ဖော်ရေးအတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ကာ ယှဉ်ပြိုင်နိုင်စွမ်းကို ပြန်လည်ရရှိရမည် ဖြစ်ပြီး တရုတ်နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းသည် ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

.....................................
(Chinese Version)
欧洲专家呼吁以务实合作推动欧中关系发展
新华社贝尔格莱德11月24日电(记者金丹依 陈颖)在塞尔维亚首都贝尔格莱德23日举行的一场专题研讨会上,与会欧洲专家表示,欧洲应推动对华务实合作,加强多边协调,实行贸易保护主义不利于欧洲经济恢复竞争力。
此次研讨会由总部位于贝尔格莱德的国际关系与可持续发展中心主办,与会人士围绕欧中经贸关系、产业竞争与合作以及欧洲战略自主等议题展开讨论。
维也纳大学东亚研究所所长吕迪格·弗兰克说,进口配额、加征关税等限制措施人为抬高商品价格,推高通胀、利率和融资成本。欧洲应着力提升自身竞争力,而非过度依赖政府保护。他表示,务实合作是推动欧中关系发展的关键,双方应在符合共同利益的领域深化合作。
国际关系与可持续发展中心主任、塞尔维亚前外长武克·耶雷米奇表示,欧中经济互补性较强,在绿色转型、应对气候变化等领域存在广泛的合作基础。欧洲要实现战略自主,必须提升效率、恢复竞争力,与中国进行更加紧密的合作有助于实现这一目标。(完)
Photo Caption 1: A man takes photos of a Geely E2 electric vehicle on Gran Via in Madrid, Spain, on Sept. 9, 2026. (Photo by Zhang Yuheng/Xinhua)
Photo Caption 2: Photo taken on Dec. 24, 2020 shows the EU flags flying outside the European Commission headquarters in Brussels, Belgium. (Xinhua/Zhang Cheng)