
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်-ပါကစ္စတန် အာကာသယာဉ်မှူးများ ပူးတွဲပျံသန်းမှုမစ်ရှင် ထမ်းဆောင်ခြင်းအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ Asif Ali Zardari တို့သည် နိုဝင်ဘာ ၂၅ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ပါကစ္စတန် အာကာသယာဉ်မှူးအနေဖြင့် တရုတ်နိုင်ငံ ရှန်ကျိုးအာကာသယာဉ်အား စီးနင်းလိုက်ပါ၍ ပထမဆုံးအကြိမ်အဖြစ် အာကာသအတွင်းသို့ ဝင်ရောက်သွားပြီး တရုတ်နိုင်ငံ အာကာသစခန်း၏ ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူး ဖြစ်လာသည်ကို ဝမ်းမြောက်စွာ ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား အဆွေတော်နိုင်ငံ အစိုးရနှင့် ပြည်သူများ၊ နှစ်နိုင်ငံမှ အာကာသယာဉ်မှူးများနှင့် အာကာသလုပ်ငန်း လုပ်ကိုင်သူများကို လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံသည် အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၇၅ နှစ်တာကာလအတွင်း တရုတ်-ပါကစ္စတန် ချစ်ကြည်ရင်းနှီးမှုသည် အစဉ်အမြဲ သံမဏိပမာ ခိုင်မာကာ ထိုးဖောက်ဖျောက်ဖျက်၍ မရကြောင်း၊ နှစ်နိုင်ငံ အာကာသယာဉ်မှူးများက လက်တွဲအတူ အာကာသအား စူးစမ်းလေ့လာခြင်းသည် တရုတ်-ပါကစ္စတန် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြမှုဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးရလဒ်အသစ်လည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်အာကာသစခန်းသည် ငြိမ်းချမ်းရေးသင်္ဘော၊ ချစ်ကြည်ရင်းနှီးမှုသင်္ဘော၊ ပူးပေါင်းဆောင်ရွက်မှုသင်္ဘော ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန် အပါအဝင် နိုင်ငံများနှင့်အတူ အာကာသအား ငြိမ်းချမ်းစွာ အသုံးပြုမှု ဟူသည့် အလံကို မြင့်မြင့်ကိုင်မြောက်၍ အာကာသကဏ္ဍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အာကာသ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြည့်စုံအောင် ဆောင်ရွက်ကာ အာကာသ စူးစမ်းလေ့လာမှုရလဒ်များဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Asif Ali Zardari က ပါကစ္စတန်-တရုတ် သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၇၅ နှစ်ပြည့် အခါသမယတွင် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံက သမိုင်းဝင် အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးက တရုတ်နိုင်ငံ အာကာသစခန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မိမိအနေဖြင့် ပါကစ္စတန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား တရုတ်နိုင်ငံအစိုးရနှင့် ညီရင်းအစ်ကိုပမာ ချစ်ကြည်ရင်းနှီးသော တရုတ်ပြည်သူများထံသို့ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံ အာကာသနည်းပညာ၏ တစ်မူထူးခြားသော အောင်မြင်မှုများကို ဖော်ပြလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် အာကာသအား ငြိမ်းချမ်းစွာ အသုံးပြုခြင်း ဟူသည့် ခိုင်မြဲသောရပ်တည်ချက်ကို ပေါ်လွင်စေကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု၏ အရေးကြီး အနက်အဓိပ္ပာယ်ကို ထင်ဟင်စေကြောင်း၊ ယင်းသည် ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုကို တစ်ဆင့်တိုး ခိုင်မြဲစေပြီး နှစ်နိုင်ငံ အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
习近平同巴基斯坦总统扎尔达里就中巴航天员执行联合飞行任务互致贺电
新华社北京11月25日电 11月25日,国家主席习近平同巴基斯坦总统扎尔达里就中巴航天员执行联合飞行任务互致贺电。
习近平表示,欣闻巴基斯坦航天员搭乘中国神舟飞船首次成功进入太空,成为中国空间站首位外籍航天员,我谨代表中国政府和中国人民,向贵国政府和人民、向两国航天员及航天工作者致以热烈祝贺!
习近平指出,中国和巴基斯坦是全天候战略合作伙伴。建交75年来,中巴友谊始终坚如磐石、牢不可破。两国航天员携手叩问苍穹,是中巴深厚友谊的生动体现,也是两国合作新的重要成果。
习近平强调,中国空间站是和平之舟、友谊之舟、合作之舟。中国愿同包括巴基斯坦在内的各国一道,高举和平利用外层空间旗帜,深化航天国际合作,完善外空全球治理,让外空探索成果更好惠及全人类。
扎尔达里表示,值此巴中建交75周年之际,巴中两国开展历史性的航天合作,巴基斯坦首位航天员进入中国空间站。我代表巴基斯坦政府和人民,向中国政府和兄弟般的中国人民表示衷心感谢。此次合作展示了中国航天科技的非凡成就,体现了中国致力于和平利用外空的坚定立场,彰显了构建人类命运共同体的重要意义,必将进一步巩固巴中友谊,推动两国全天候战略合作伙伴关系迈向更高水平。(完)
图说1:这是11月25日在北京航天飞行控制中心飞控大厅拍摄的神舟二十三号航天员乘组和神舟二十四号航天员乘组会师后拍摄“全家福”照片的实时画面。新华社记者 金立旺 摄
图说2:11月25日,搭载神舟二十四号载人飞船的长征二号F遥二十四运载火箭在酒泉卫星发射中心点火发射。神舟二十四号载人飞船与火箭成功分离,进入预定轨道,发射取得圆满成功。 新华社发(杨晓博 摄)