
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် တရားမဝင် နိုင်ငံခြား ငွေကြေး ရောင်းဝယ်ဖောက်ကားမှုများ ပပျောက်စေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ တရားမဝင် နိုင်ငံခြားငွေ ရောင်းချနေသူတစ်ဦးအား သက်သေခံငွေကြေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့နယ်၊ အနော်ရထာလမ်းမပေါ်တွင် ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြား ငွေများ တရားမဝင်ဝယ်ယူရောင်းချနေကြောင်း သတင်းအရတာဝန်ရှိသူများက ၂၂-၁၁-၂၀၂၆ ရက်နေ့ ၁၄၃၀ အချိန်တွင် သွားရောက်စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးရာတွင် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ မိုဟာမတ်ယူနုစ်(ခ)မောင်မောင်လွင် (၃၄)နှစ်(ဘ)ဦးအီဒရစ်၊ ဘင်္ဂလီ/အစ္စလာမ် ထံမှ တရားမဝင်ရောင်းဝယ်ရန် လက်ဝယ်ထားရှိသည့် အမေရိကန် ဒေါ်လာ ၁၅,၅၀၀ နှင့် မြန်မာကျပ်ငွေ ၈၅၀,၀၀၀ တို့အပြင် ငွေကြေးရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာ မြို့မရဲစခန်းတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ အမှုဖွင့်လှစ်ထားပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
#Myanmar #News