Myanmar Digital News

မင်းတုန်းမြို့နယ် စည်ပင်သာယာဈေး၌ မီးဘေးလုံခြုံရေးစစ်ဆေး

မင်းတုန်း နိုဝင်ဘာ ၂၅

 

​မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ယနေ့တွင် မြို့နယ် စည်ပင်သာယာ ဈေးအတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးသည်။

 

​မင်းတုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များက ဈေးအတွင်းရှိ ဆိုင်ခန်းများ၏ လျှပ်စစ်မီး သွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများ ကောင်းမွန် ကြံ့ခိုင်မှုနှင့် အသင့်အသုံးပြုနိုင်မှု ရှိ/မရှိ၊ မီးငြှိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ထားရှိမှုနှင့် ရေလှောင်ကန်များ ရေပြည့်ဝမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြသည်။

 

ထို့ပြင် ဈေးသူ ဈေးသားများ အနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် မီးကြွင်း မီးကျန်များနှင့် လျှပ်စစ်မီးအသုံးပြုမှုများကို စနစ်တကျ ဂရုပြုသုံးစွဲ ကြရန်နှင့် အရေးပေါ်မီးလန့်မှု ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားနိုင်ရေးတို့ကို အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။        

                                         

ရှင်းခန့်အောင်

မူရင်းသတင်း — Myanmar Digital News