ဂျကာတာ နိုဝင်ဘာ ၂၅
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ် ဘိုဂေါ်ဒေသရှိ ရေများဝင်ရောက်နေသော သတ္တုတွင်းတစ်ခုအတွင်းမှ သတ္တုတွင်းလုပ်သားသုံးဦးအား သေဆုံးလျက်တွေ့ရှိခဲ့ပြီး မြေအောက်တွင် ပိတ်မိနေသည်ဟု ယူဆရသော အခြားသတ္တုတွင်း လုပ်သား ၂၃ ဦးကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက တရားဝင်ကြေညာချက်တွင် ယနေ့ ပြောကြားခဲ့သည်။
အဆိုပါ ရုပ်အလောင်းများကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် သတ္တုတွင်း အမှတ်အေအတွင်း အနက်မီတာ ၃၀ မှ ၄၀ ခန့်တွင် ပြန်လည်ဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ အထောက်အထားများကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ကယ်ဆယ်ရေးသမားများက ယနေ့နံနက်ပိုင်းမှ စတင်၍ သတ္တုတွင်းအတွင်းမှ ရေများကို ရေပိုက်များဖြင့် စုပ်ထုတ်နေခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းအထိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ