လွိုင်လင် နိုဝင်ဘာ ၂၅
(၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အကြိုကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ သမိုင်းဝင်မွေတော် ဖီပြဘုရားကြီးဓမ္မာရုံ၌ တိုင်းရင်းဆေးပညာဖြင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်၊ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြရာ လွိုင်လင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လူနာများအား နွေးထွေးစွာ အားပေးစကား ပြောကြားသည်။ ထို့အတူ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များက တိုင်းရင်းဆေးဝါးများ ကူညီပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး