
ရွှေညာသူတံဆိပ် ပုန်းရည်ကြီးနှင့် K & K တံဆိပ် ခွန်အားဖြည့်အချိုရည်တို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန်နှင့် ရွှေသင်းသူတံဆိပ် နနွင်းမှုန့်နှင့် အရောင်တင်မှုန့်၊ 123 တံဆိပ် ဆီးဖြူသီးယိုနှင့် သိန်းတိုးတံဆိပ် ချင်းလက်ဖက်တို့ကို စားသုံးရန်မသင့်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်သည်။
ရွှေညာသူတံဆိပ် ပုန်းရည်ကြီးနှင့် K & K တံဆိပ် ခွန်အားဖြည့်အချိုရည်တို့သည် အစားအသောက်ထပ်ဖြည့်ပစ္စည်းများ သတ်မှတ်ပမာဏထက် ကျော်လွန်နေသဖြင့် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းစေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရွှေသင်းသူတံဆိပ် နနွင်းမှုန့်နှင့် အရောင်တင်မှုန့်၊ 123 တံဆိပ် ဆီးဖြူသီးယိုနှင့် သိန်းတိုးတံဆိပ် ချင်းလက်ဖက်တို့သည် အစားအသောက်များတွင် သုံးစွဲခွင့်မပြုထားသော ဆိုးဆေးများ ပါဝင်နေသဖြင့် စားသုံးရန်မသင့်သည့် အစားအစာများဖြစ်ကြောင်း သိရသည်။