Myanmar National Post

ဒိုက်ဦးမြို့နယ်၌ (၁၀၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကျင်းပ


ဒိုက်ဦး ၊  နိုဝင်ဘာ ၂၆

‎ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးစေရေးအတွက် ရည်ရွယ်၍ နှစ်စဥ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲကို ကုန်သည်ရပ်ကွက်၊ ဖအောင်ဝဲလမ်း၊ ကန်ဦးကျောင်းတိုက်မှ ပင့်ဆောင်၍ မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက် ညနေ (၃) နာရီက စတင်၍ ကျင်းပခဲ့သည်။

‎‎ရှေးဦးစွာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို ကန်ဦးကျောင်းတိုက်မုခ်ဦးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအေးနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားများအား စျေးပိုင်းရပ်ကွက်မှစတင်၍ ကုန်သည်ရပ်ကွက်၊ ဝါဆိုရပ်ကွက်၊ ကျောင်းစုရပ်ကွက်၊ သံတံတားရပ်ကွက်၊ မင်းတဲရပ်ကွက်၊ စက်ကွင်းရပ်ကွက်၊ ဒရယ်မီးရပ်ကွက်နှင့် ဖအောင်ဝဲရပ်ကွက်များအတွင်း သတ်မှတ်ထားသောလမ်းများမှ ဒေသစာရီလှည့်လည်ပူဇော်ကြရာ လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများက ရိုသေကြည်ညိုစွာ ဖူးမြော်ပူဇော်ခဲ့ကြသည်၊၊

ထို့နောက် နှစ်ကျိပ်ရှစ်ဆူဘုရားများအား သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ဒိုက်ဦးမြို့နယ်အတွင်း ဒေသစာရီလှည့်လည်ပူဇော်ခံကြရာ ဒေသခံပြည်သူများက လမ်းတစ်လျှောက်မှ ကြည်ညိုသဒ္ဓါပွားများစွာဖြင့် ဖူးမြော်ပူဇော်ကြပြီး ဆီမီး၊ ပန်း၊ ရေချမ်းနှင့် အခြားလှူဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိုးထက်ကျော် 

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post