ဘားအံ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ပွဲဈေး၊ မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲ၊ မီးပုံးအလှထွန်းညှိပွဲနှင့် စင်တင်တေးဂီတ ဖျော်ဖြေပွဲတို့ကို ယမန်နေ့ညနေပိုင်းက ဘားအံမြို့ အမှတ်(၁) ရပ်ကွက် ကျော်ဇေယျလမ်း၊ မာန်းနဲစန်လမ်းနှင့် ရန်မျိုးအောင် လမ်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
တန်ဆောင်တိုင်ပွဲတော်တွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့နှင့်အတူ ပွဲတော်ကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ကျော်ဇေယျလမ်း၊ ရန်မျိုးအောင်လမ်းနှင့် မာန်းနဲစန်လမ်းတို့တွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ ရပ်ကွက်/ကျေးရွာများမှ ပုဂ္ဂလိက အလှူရှင်များက စတုဒိသာကုသိုလ် ပြုကျွေးမွေးနေမှု၊ ကန်သာယာပတ်လမ်း၊ ဦးပေါက်တံတားနှင့် ဦးပေါက်လမ်းတစ်လျှောက် မီးအိမ်များ အလှဆင်ထွန်းညှိပူဇော်ထားမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့အတူ ဘားအံမြို့ မာန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်းနှင့် ရန်မျိုးအောင်လမ်းဆုံ မီးပုံးပျံကွင်း၌ ကျင်းပသည့် တန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖွင့်လှစ်ပေးပြီး မီးပုံးပျံများ လွှတ်တင်ပူဇော်မှုကို ကြည့်ရှုအားပေးသည်။
အလားတူ တန်ဆောင်တိုင်ပွဲတော် စင်တင်တေးဂီတဖျော်ဖြေပွဲအနေဖြင့် မီးပုံးပျံကွင်းတွင် Lucky Seven Music Band နှင့် တွဲဖက်၍ ဒေသခံ တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)