NP News

ပဲခူးတိုင်းတွင် နှစ်စဉ်သုံးသီးစိုက် ဧကများနှင့် သီးထပ်စွမ်းအား တိုးတက်လာစေရေး စိုက်ပျိုးရေးကို နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးမည်

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်သုံးသီးစိုက်ဧကများနှင့် သီးထပ်စွမ်းအား တိုးတက်လာစေရေးအတွက်စိုက်ပျိုးရေးကို နည်းလမ်းပေါင်းစုံ ဖြင့်ပံ့ပိုးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့(နိုဝင်ဘာ ၂၆ ရက်) နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရန် ဘက်ပေါင်းစုံမှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။

စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူးပြောင်းနိုင်ရေးအတွက် ဒေသအလိုက် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန် လိုအပ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် ဒေသခံပြည်သူများအနေဖြင့် အသား၊ ငါးနှင့် ဥများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာ စားသုံးနိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့မွေးမြူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်လိုကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။

တစ်အုပ်တစ်မစားဖိုဆောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

နှစ်စဉ်သုံးသီးစိုက်ဧကများနှင့် သီးထပ်စွမ်းအား တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် တန်ဖိုးမြှင့်စပါးမျိုးများဖြစ်သည့် တောင်ပျံမွှေးနှင့် ပေါ်ဆန်းမွှေးတို့ကို မျိုးမြှင့်တင်နိုင်ရေးအတွက် ခေါင်နှံဖြင့် ပျိုးထောင်စိုက်ပျိုး ခြင်းနှင့် မျိုးသန့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။

zawgyi version

ပဲခူးတိုင္းတြင္ ႏွစ္စဥ္သုံးသီးစိုက္ ဧကမ်ားႏွင့္ သီးထပ္စြမ္းအား တိုးတက္လာေစေရး စိုက္ပ်ိဳးေရးကို နည္းလမ္းေပါင္းစုံျဖင့္ ပံ့ပိုးမည္

သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၆

ပဲခူးတိုင္းေဒသႀကီးတြင္ ႏွစ္စဥ္သုံးသီးစိုက္ဧကမ်ားႏွင့္ သီးထပ္စြမ္းအား တိုးတက္လာေစေရးအတြက္စိုက္ပ်ိဳးေရးကို နည္းလမ္းေပါင္းစုံ ျဖင့္ပံ့ပိုးမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ယေန႔(ႏိုဝင္ဘာ ၂၆ ရက္) နံနက္ပိုင္းက က်င္းပသည့္ ပဲခူးတိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။
ပဲခူးတိုင္းေဒသႀကီးသည္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံသည့္ တိုင္းေဒသႀကီးျဖစ္သည့္အတြက္ ေတာင္သူမ်ား၏ လူမႈစီးပြားဘဝပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ သီးႏွံအမ်ိဳးအစားအလိုက္ ပန္းတိုင္အထြက္ႏႈန္းမ်ား ရရွိေစရန္ ဘက္ေပါင္းစုံမွ ပံ့ပိုးျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ဆိုသည္။
စက္မႈလယ္ယာစနစ္သို႔ အျပည့္အဝကူးေျပာင္းႏိုင္ေရးအတြက္ ေဒသအလိုက္ လယ္ယာသုံးစက္ကိရိယာမ်ား ထုတ္လုပ္မႈကို အားေပးျမႇင့္တင္ရန္ လိုအပ္ေၾကာင္းလည္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒသခံျပည္သူမ်ားအေနျဖင့္ အသား၊ ငါးႏွင့္ ဥမ်ားကို သတ္မွတ္ထားသည့္ စံခ်ိန္စံၫႊန္းႏွင့္အညီ ေဈးႏႈန္းသက္သာစြာျဖင့္ လုံေလာက္စြာ စားသုံးႏိုင္ေရးအတြက္ ေမြးျမဴေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ တိုးခ်ဲ႕ေမြးျမဴႏိုင္မည့္ အခြင့္အလမ္းမ်ား ဖန္တီးေပးရန္လိုေၾကာင္းလည္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ဆိုသည္။
တစ္အုပ္တစ္မစားဖိုေဆာင္သီးႏွံစိုက္ခင္းမ်ား ေအာင္ျမင္ျဖစ္ထြန္းေရးကိုလည္း ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။
ႏွစ္စဥ္သုံးသီးစိုက္ဧကမ်ားႏွင့္ သီးထပ္စြမ္းအား တိုးတက္လာေစေရးအတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို နည္းလမ္းေပါင္းစုံျဖင့္ ဆက္လက္ပံ့ပိုးေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ တန္ဖိုးျမႇင့္စပါးမ်ိဳးမ်ားျဖစ္သည့္ ေတာင္ပ်ံေမႊးႏွင့္ ေပၚဆန္းေမႊးတို႔ကို မ်ိဳးျမႇင့္တင္ႏိုင္ေရးအတြက္ ေခါင္ႏွံျဖင့္ ပ်ိဳးေထာင္စိုက္ပ်ိဳး ျခင္းႏွင့္ မ်ိဳးသန႔္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ဆိုသည္။

မူရင်းသတင်း — NP News