
ALynn (NP News)- နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြစ်ရေညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေချိန်၌ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ မြစ်များအတွင်း သတ္တုအဆိပ်သင့်မှု အခြေအနေများကို စုံစမ်းစစ်ဆေးရန် ရေအရည်အသွေး စောင့်ကြည့်ရေးစခန်း (၆) ခု တည်ထောင်သွားမည်ဟု ထိုင်းတာဝန်ရှိသူများက နိုဝင်ဘာ (၂၅) ရက်တွင် ပြောကြားလိုက်သည်။
ရှမ်းပြည်နယ်အတွင်း ရွှေနှင့် မြေရှားသတ္တု တူးဖော်မှုများ အလွန်အကျွံ လုပ်ဆောင်လာခြင်းကြောင့် အဆိပ်သင့်ဓာတုပစ္စည်းများသည် ထိုင်းနိုင်ငံဘက်သို့ စီးဝင်နေသည့် မြစ်များအတွင်း ရောက်ရှိကာ ဒေသခံပြည်သူများ၏ သောက်သုံးရေ အရင်းအမြစ်များကို ညစ်ညမ်းစေနိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အမေရိကန်အခြေစိုက် Stimson Center သုတေသနအဖွဲ့၏ အဆိုအရ အရှေ့တောင်အာရှ ကုန်းမကြီးတစ်လွှားရှိ သတ္တုတွင်းပေါင်း (၂,၄၀၀) ကျော် (အများစုမှာ တရားမဝင်နှင့် စည်းကမ်းမဲ့ တူးဖော်နေခြင်းဖြစ်သည်) သည် ဆိုင်ယာနိုက်နှင့် ပြဒါး ကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများကို မြစ်အတွင်းသို့ စွန့်ပစ်ဖွယ်ရှိနေသည်။
ထိုင်းနိုင်ငံ ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ (၂၀၂၅) ခုနှစ်၊ မတ်လမှ စက်တင်ဘာလအတွင်း ကောက်ယူခဲ့သော နမူနာများကို စစ်ဆေးရာတွင် ကော့မြစ်နှင့် ၎င်း၏ မြစ်လက်တက်များအပြင် ဆိုင်မြစ်၊ ရွတ်မြစ်နှင့် မဲခေါင်မြစ်တို့၏ ရေနှင့် အနည်အနှစ်များထဲတွင် အာဆင်းနစ်နှင့် အခြားသတ္တုအဆိပ်များ ပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။
ကော့မြစ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အတွင်းသို့ စီးဝင်ပြီး ဆိုင်မြစ်နှင့် ရွတ်မြစ်တို့မှာ နှစ်နိုင်ငံနယ်နိမိတ်အဖြစ် တည်ရှိနေသည်။
ရေထုညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ဖွဲ့စည်းထားသည့် ထိုင်း-မြန်မာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးတွင် ကော့မြစ်တစ်လျှောက်၌ စောင့်ကြည့်ရေးစခန်း (၄) ခုနှင့် ဆိုင်မြစ်တစ်လျှောက်၌ (၂) ခု ထားရှိရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပုံမှန် သတင်းအချက်အလက် မျှဝေနိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် သတ်မှတ်ထားတဲ့ ဌာနတွေကတစ်ဆင့် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးမှု အချက်အလက်တွေကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ဖလှယ်သွားဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ မြေရှားသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ တင်ပို့မှုကို ရပ်ဆိုင်းရန်နှင့် အဆိပ်သင့်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကော့မြစ်အပိုင်းကို ညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း နိုဝင်ဘာ (၂၂) ရက်က ပြောကြားခဲ့သည်။
(၂၀၂၅) ခုနှစ်အတွင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ရှမ်းပြည်နယ်၏ ဝေးလံခေါင်သီသော တောင်ကုန်းဒေသများတွင် တရုတ်သတ္တုတူးဖော်ရေးသမားများသည် 'ဝ' လက်နက်ကိုင်အဖွဲ့ (UWSA) ၏ အကာအကွယ်ဖြင့် မြေရှားသတ္တုတွင်းအသစ်များ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည်။
ထိုစဉ်က တရုတ်အစိုးရကမူ ပြည်ပတွင် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများအနေဖြင့် “ဒေသဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် လူမှုရေးတာဝန်ဝတ္တရားများကို တက်ကြွစွာ ကျေပွန်အောင် ထမ်းဆောင်ရန်” လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သတင်းအချက်အလက် မျှဝေခြင်း၊ ပူးတွဲစစ်တမ်းကောက်ယူခြင်းနှင့် ပူးတွဲဓာတ်ခွဲခန်း တည်ထောင်ခြင်း အပါအဝင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရာဝီဝမ် ဘူရီဒက်က ပြောကြားခဲ့သည်။ “ထိုင်းနဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးဖို့ တရုတ်နိုင်ငံက အသင့်ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

zawgyi version
နယ္စပ္ျမစ္မ်ားအတြင္း သတၱဳအဆိပ္သင့္မႈ ေစာင့္ၾကည့္ေရးစခန္းမ်ား ထားရွိရန္ ျမန္မာႏွင့္ ထိုင္း သေဘာတူညီမႈရ
ALynn (NP News)- ႏိုဝင္ဘာ ၂၆
ထိုင္းႏိုင္ငံေျမာက္ပိုင္းတြင္ ျမစ္ေရညစ္ညမ္းမႈဆိုင္ရာ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာေနခ်ိန္၌ ထိုင္းႏွင့္ ျမန္မာႏွစ္ႏိုင္ငံ နယ္စပ္တစ္ေလွ်ာက္ရွိ ျမစ္မ်ားအတြင္း သတၱဳအဆိပ္သင့္မႈ အေျခအေနမ်ားကို စုံစမ္းစစ္ေဆးရန္ ေရအရည္အေသြး ေစာင့္ၾကည့္ေရးစခန္း (၆) ခု တည္ေထာင္သြားမည္ဟု ထိုင္းတာဝန္ရွိသူမ်ားက ႏိုဝင္ဘာ (၂၅) ရက္တြင္ ေျပာၾကားလိုက္သည္။
ရွမ္းျပည္နယ္အတြင္း ေ႐ႊႏွင့္ ေျမရွားသတၱဳ တူးေဖာ္မႈမ်ား အလြန္အကြၽံ လုပ္ေဆာင္လာျခင္းေၾကာင့္ အဆိပ္သင့္ဓာတုပစၥည္းမ်ားသည္ ထိုင္းႏိုင္ငံဘက္သို႔ စီးဝင္ေနသည့္ ျမစ္မ်ားအတြင္း ေရာက္ရွိကာ ေဒသခံျပည္သူမ်ား၏ ေသာက္သုံးေရ အရင္းအျမစ္မ်ားကို ညစ္ညမ္းေစႏိုင္ေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားသည္။
အေမရိကန္အေျခစိုက္ Stimson Center သုေတသနအဖြဲ႕၏ အဆိုအရ အေရွ႕ေတာင္အာရွ ကုန္းမႀကီးတစ္လႊားရွိ သတၱဳတြင္းေပါင္း (၂,၄၀၀) ေက်ာ္ (အမ်ားစုမွာ တရားမဝင္ႏွင့္ စည္းကမ္းမဲ့ တူးေဖာ္ေနျခင္းျဖစ္သည္) သည္ ဆိုင္ယာႏိုက္ႏွင့္ ျပဒါး ကဲ့သို႔ေသာ အသက္အႏၲရာယ္ျဖစ္ေစႏိုင္သည့္ ဓာတုပစၥည္းမ်ားကို ျမစ္အတြင္းသို႔ စြန႔္ပစ္ဖြယ္ရွိေနသည္။
ထိုင္းႏိုင္ငံ ညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ (၂၀၂၅) ခုႏွစ္၊ မတ္လမွ စက္တင္ဘာလအတြင္း ေကာက္ယူခဲ့ေသာ နမူနာမ်ားကို စစ္ေဆးရာတြင္ ေကာ့ျမစ္ႏွင့္ ၎၏ ျမစ္လက္တက္မ်ားအျပင္ ဆိုင္ျမစ္၊ ႐ြတ္ျမစ္ႏွင့္ မဲေခါင္ျမစ္တို႔၏ ေရႏွင့္ အနည္အႏွစ္မ်ားထဲတြင္ အာဆင္းနစ္ႏွင့္ အျခားသတၱဳအဆိပ္မ်ား ပါဝင္ေနသည္ကို ေတြ႕ရွိခဲ့သည္။
ေကာ့ျမစ္သည္ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္မွတစ္ဆင့္ ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္အတြင္းသို႔ စီးဝင္ၿပီး ဆိုင္ျမစ္ႏွင့္ ႐ြတ္ျမစ္တို႔မွာ ႏွစ္ႏိုင္ငံနယ္နိမိတ္အျဖစ္ တည္ရွိေနသည္။
ေရထုညစ္ညမ္းမႈ တိုက္ဖ်က္ေရးအတြက္ ဖြဲ႕စည္းထားသည့္ ထိုင္း-ျမန္မာ လုပ္ငန္းအဖြဲ႕၏ ပထမအႀကိမ္ အစည္းအေဝးတြင္ ေကာ့ျမစ္တစ္ေလွ်ာက္၌ ေစာင့္ၾကည့္ေရးစခန္း (၄) ခုႏွင့္ ဆိုင္ျမစ္တစ္ေလွ်ာက္၌ (၂) ခု ထားရွိရန္ ႏွစ္ဖက္သေဘာတူညီခဲ့ေၾကာင္း ထိုင္းအစိုးရ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“ပုံမွန္ သတင္းအခ်က္အလက္ မွ်ေဝႏိုင္ေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ႏိုင္ေရးအတြက္ သတ္မွတ္ထားတဲ့ ဌာနေတြကတစ္ဆင့္ ေရအရည္အေသြး ေစာင့္ၾကည့္စစ္ေဆးမႈ အခ်က္အလက္ေတြကို တစ္ႏွစ္လွ်င္ အနည္းဆုံး ႏွစ္ႀကိမ္ ဖလွယ္သြားဖို႔ ႏွစ္ဖက္သေဘာတူခဲ့ၾကပါတယ္” ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံသည္ ျမန္မာႏိုင္ငံသို႔ ေျမရွားသတၱဳတူးေဖာ္ရာတြင္ အသုံးျပဳသည့္ ဓာတုပစၥည္းမ်ား တင္ပို႔မႈကို ရပ္ဆိုင္းရန္ႏွင့္ အဆိပ္သင့္ညစ္ညမ္းမႈကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ ထိုင္းႏိုင္ငံဘက္ျခမ္းရွိ ေကာ့ျမစ္အပိုင္းကို ညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးဇုန္အျဖစ္ သတ္မွတ္ရန္ စီစဥ္ေနေၾကာင္း ႏိုဝင္ဘာ (၂၂) ရက္က ေျပာၾကားခဲ့သည္။
(၂၀၂၅) ခုႏွစ္အတြင္း ႐ိုက္တာသတင္းဌာန၏ ေဖာ္ျပခ်က္အရ ရွမ္းျပည္နယ္၏ ေဝးလံေခါင္သီေသာ ေတာင္ကုန္းေဒသမ်ားတြင္ တ႐ုတ္သတၱဳတူးေဖာ္ေရးသမားမ်ားသည္ 'ဝ' လက္နက္ကိုင္အဖြဲ႕ (UWSA) ၏ အကာအကြယ္ျဖင့္ ေျမရွားသတၱဳတြင္းအသစ္မ်ား ဖြင့္လွစ္လုပ္ကိုင္ခဲ့ၾကသည္။
ထိုစဥ္က တ႐ုတ္အစိုးရကမူ ျပည္ပတြင္ လုပ္ကိုင္ေနသည့္ တ႐ုတ္ကုမၸဏီမ်ားအေနျဖင့္ “ေဒသဆိုင္ရာ ဥပေဒႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္ႏွင့္ လူမႈေရးတာဝန္ဝတၱရားမ်ားကို တက္ႂကြစြာ ေက်ပြန္ေအာင္ ထမ္းေဆာင္ရန္” လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ သတင္းအခ်က္အလက္ မွ်ေဝျခင္း၊ ပူးတြဲစစ္တမ္းေကာက္ယူျခင္းႏွင့္ ပူးတြဲဓာတ္ခြဲခန္း တည္ေထာင္ျခင္း အပါအဝင္ နည္းပညာပိုင္းဆိုင္ရာ အကူအညီမ်ား ေပးအပ္ရန္ ကမ္းလွမ္းထားေၾကာင္း ထိုင္းႏိုင္ငံ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ရာဝီဝမ္ ဘူရီဒက္က ေျပာၾကားခဲ့သည္။ “ထိုင္းနဲ႔ ျမန္မာၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပံ့ပိုးေပးဖို႔ တ႐ုတ္ႏိုင္ငံက အသင့္ရွိေနပါတယ္” ဟု ၎က ဆိုသည္။