NP News

လက်ရှိအချိန်အထိ PDF အပါအဝင် သောင်းကျန်သူ (၆၁၀၀)ကျော် အလင်းဝင်ထားပြီဟုဆို

စိမ့်စမ်းရေ(NP News)-နိုဝင်ဘာ ၂၆
လက်ရှိအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် PDF အပါအဝင် သောင်းကျန်သူ (၆၁၀၀)ကျော် အလင်းဝင်ထားပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မီဒီယာများထံ ပြန်လည်ဖြေကြားထားသည့် အချက်အလက်များအရ သိရသည်။
နိုင်ငံတစ်ဝှမ်းတည်ငြိမ် နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် အေးချမ်းစေရန် PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူများကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့်သာ ဖြေရှင်း ဆောင်ရွက်ရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများလုပ်ဆောင်နေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အလားတူ လမ်းမှားရောက်နေကြသည့် PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်၏ စေတနာအမှန်ကို သိရှိနားလည်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် အဆက်မပြတ် အလင်း ဝင်ရောက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားထား သည်။
အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် အလင်းဝင်ရောက်သူ အင်အား ရာချီ တွေ့မြင် ရမည်ဖြစ်ပြီး ယခုအချိန်အထိ PDF အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူ စုစုပေါင်း (၆၁၆၀) ဦး အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် အလင်းဝင်ရန် ဆန္ဒရှိသည့် လမ်းမှားရောက်ရှိနေသော PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူများကို အသိပေး ပြောကြား လိုသည်မှာ နိုင်ငံတော်၏ စေတနာအမှန်နှင့်ဖိတ်ခေါ်နေသည့် ယခုအချိန်အခါ ကောင်းတွင် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများနှင့် နွေးထွေးအေးချမ်းစွာ ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် အမြန်ဆုံးအလင်းဝင်ကြရန်အတွက်လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံအသိပေး ဖိတ်ခေါ်ထားသည်။

မူရင်းသတင်း — NP News