NP News

ICJ ၏ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များကို ကန့်ကွက်ကြောင်း မန္တလေးတွင် ဆန္ဒဖော်ထုတ်မည်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်ပွဲကို လာမည့် ဒီဇင်ဘာ (၄) ရက်တွင် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းအပါအဝင် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့သည့် အပေါ် ကန့်ကွက်ရှုတ်ချရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ (၆၆) လမ်းနှင့် (၁၄) လမ်းထောင့်၌ အမျိုးသားအောင်ပွဲနေ့ ဖြစ်သည့် လာမည့် ဒီဇင်ဘာ (၄) ရက်တွင် နံနက် (၇) နာရီမှ နေ့လည် (၁၂) နာရီအထိ ဆန္ဒဖော်ထုတ်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ရဟန်း၊ ရှင်၊ လူ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဖိတ်ကြားထားကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်း၌ လာမည့် နိုဝင်ဘာ (၂၉) ရက်တွင် နံနက် (၇) နာရီမှ နံနက် (၉) နာရီအထိ ဆန္ဒဖော်ထုတ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News