
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်သည် နိုဝင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Tom Berendsen နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တင်းရွှဲရှန်က တရုတ်-နယ်သာလန် နိုင်ငံတို့သည် တံခါးဖွင့်လှစ်၍ လက်တွေ့ကျသော ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့တန်းနေရာ၌ လျှောက်လှမ်းလျက်ရှိကြောင်း၊ လာမည့်နှစ်သည် နှစ်နိုင်ငံက သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၅၅ နှစ်မြောက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နယ်သာလန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်အား ကောင်းမွန်စွာ အကောင်ထည်ဖော်၍ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုကို တိုးမြှင့်ကာ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားလိုကြောင်း၊ တရုတ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သည် ကမ္ဘာ့အရေးကြီး စီးပွားရေးအစုအဖွဲ့များဖြစ်ကြရာ နှစ်ဖက်အနေဖြင့် ကုန်ထုတ်လုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်အဆင်ပြေချောမွေ့မှုကို ပူးပေါင်းအင်အားဖြင့် ကာကွယ်ထိန်းသိမ်းသင့်ပြီး နှစ်နိုင်ငံနှင့် ကမ္ဘာကြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားအသစ်များ အဆက်မပြတ် ဖြည့်တင်းပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Tom Berendsen က တရုတ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့မှုကို ဂုဏ်ပြုခဲ့ပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့မှုကို များစွာ တန်ဖိုးထားချီးကျူးကြောင်း ပြောခဲ့သည်။
နယ်သာလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို တိုးမြှင့်ပြီး ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် ကွဲလွဲမှုများကို သင့်တင့်လျော်ကန်စွာ ဖြေရှင်းပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုကို အကောင်အထည်ဖော်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
丁薛祥会见荷兰外交大臣贝伦德森
新华社北京11月25日电 11月25日,中共中央政治局常委、国务院副总理丁薛祥在北京会见荷兰外交大臣贝伦德森。
丁薛祥表示,中荷是开放务实的全面合作伙伴,双边合作走在中欧合作前列。明年是两国建立大使级外交关系55周年。中方愿同荷方一道,落实好两国元首重要共识,加强各领域交流合作,促进双边关系健康稳定发展。中荷都是世界重要经济体,双方应合力维护产供链稳定畅通,为两国和全球共同发展不断注入新动能。
贝伦德森祝贺中方成功举办亚太经合组织领导人非正式会议,高度赞赏中国发展取得的巨大成就,表示荷方愿同中方加强高层交往,深化各领域务实合作,通过对话协商妥处分歧,实现共同发展和繁荣。(完)
图说:11月25日,中共中央政治局常委、国务院副总理丁薛祥在北京会见荷兰外交大臣贝伦德森。 新华社记者 王晔 摄