နယူးဒေလီ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်-အိန္ဒိယ ပူးတွဲဆေးဘက်ဆိုင်ရာ အဖွဲ့ကိုယ်စားပြု တရုတ်ဆရာဝန်အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယနိုင်ငံ၌ တစ်ပတ်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်က နယူးဒေလီမြို့၌ တရုတ်နိုင်ငံ၏ အိန္ဒိယနိုင်ငံဆိုင်ရာသံရုံးနှင့် အိန္ဒိယ-တရုတ် ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ စွန်းရွှယ်ချင့် ဦးဆောင်သော အဆိုပါအဖွဲ့သည် ယခုအပတ်အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းမြို့များဖြစ်သည့် ဟိုက်ဒရာဘတ်နှင့် ဘန်ဂါလူရူ မြို့များသို့ သွားရောက်ရန် စီစဉ်ထားသည်။
အဆိုပါ ခရီးစဉ်သည် ကျွမ်းကျင်ပညာရှင်များအကြား အပြန်အလှန် ဖလှယ်မှုများကို မြှင့်တင်ရန်၊ ဆေးဘက်ဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများ မျှဝေမှုကို အထောက်အကူပြုရန်နှင့် နိုင်ငံနှစ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာရှင်များအကြား၊ ပြည်သူများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အပြင် ဤခရီးစဉ်သည် အိန္ဒိယလူမျိုး ဆရာဝန်ကြီး ဒေါက်တာ ဒွာကာနတ် ကို့တ်နစ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမွေအနှစ်ကို ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။ ၎င်းသည် ၁၉၃၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သော ဆေးဘက်ဆိုင်ရာအဖွဲ့၌ ပါဝင်ခဲ့သူဖြစ်ပြီး၊ ဂျပန်ကျူးကျော်စစ်ကို တိုက်ဖျက်သည့် တရုတ်ပြည်သူများ၏ ခုခံစစ်ကာလအတွင်း ဒဏ်ရာရ စစ်သည်များကို ကုသပေးခြင်းနှင့် တရုတ်ပြည်သူများအား ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သူ ဖြစ်သည်။
၁၉၄၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကွယ်လွန်ခဲ့သော ဒေါက်တာ ကို့တ်နစ်သည် ကိုယ်ကျိုးမဖက် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနှင့် တရုတ်-အိန္ဒိယ ချစ်ကြည်ရေးတို့၏ ထာဝရ သင်္ကေတတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း စွန်း က ပြောကြားခဲ့သည်။ (Xinhua)
…………………
(English version)
Chinese doctors visit India for joint medical mission
NEW DELHI, Nov. 25 (Xinhua) -- A team of Chinese doctors, representing the China-India Joint Medical Mission, is on a week-long visit to India. The delegation attended a reception hosted by the Chinese Embassy in India and the India-China Friendship Association in New Delhi on Monday.
Led by Sun Xueqing, vice president of the Chinese People's Association for Friendship with Foreign Countries, the team is scheduled to visit India's southern cities of Hyderabad and Bengaluru this week.
The visit aims to promote professional exchanges, facilitate the sharing of medical knowledge and experience, and strengthen ties between medical professionals and people in the two countries.
It also pays tribute to the humanitarian legacy of Dr. Dwarkanath Kotnis, the renowned Indian physician who joined a medical team sent to China in 1938 to treat wounded soldiers and provide medical assistance to the Chinese people during the Chinese People's War of Resistance Against Japanese Aggression.
Dr. Kotnis, who died in China in 1942, remains an enduring symbol of selfless medical service, international humanitarianism and China-India friendship, Sun said. ■