
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အိုလံပစ် အလွတ်တမ်းနှင်းလျှောစီး Freeski Halfpipe ချန်ပီယံ ကူအိုက်လျင်က သြစတြီးယားနိုင်ငံ၌ လေ့ကျင့်ရေးဆင်းနေစဉ် ပခုံးဆစ်လွဲသွားသဖြင့် လာမည့်လတွင် တရုတ်နိုင်ငံ ကျန်းကျားခိုမြို့၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ်မရှိကြောင်း နိုဝင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်က သြစတြီးယားမှာ လေ့ကျင့်ရေးဆင်းနေရင်း ကံမကောင်းစွာနဲ့ပဲ ကျွန်မရဲ့ ပခုံးဆစ်နေရာလွဲသွားခဲ့ပါတယ်။ ဆေးရုံကို ကားနဲ့ တစ်နာရီလောက် မောင်းသွားခဲ့ရပြီး အဲဒီမှာ ချက်ချင်းပဲ ဓာတ်မှန်ရိုက်ကာ ပခုံးရိုးကို ပြန်လည်နေရာချပေးခဲ့ပါတယ်" ဟု ကူက တရုတ်လူမှုကွန်ရက် Weibo တွင် ရေးသားဖော်ပြထားသည်။
"ဆရာဝန်ရဲ့ စစ်ဆေးသုံးသပ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပေမဲ့ လက်ရှိအခြေအနေအရတော့ ယွင်တင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လို့ရနိုင်ခြေ အတော်လေးနည်းပါတယ်။ ကျွန်မကို လူကိုယ်တိုင်လာရောက်အားပေးဖို့ လက်မှတ်ဝယ်ယူထားပြီးသား ဒါမှမဟုတ် ခရီးစဉ်စီစဉ်ထားပြီးသား မိတ်ဆွေတွေကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်" ဟုလည်း ကူက ဖြည့်စွက်ပြောကြားခဲ့သည်။
FIS အလွတ်တမ်းနှင်းလျှောစီးနှင့် Snowboard Halfpipe ကမ္ဘာ့ဖလားပြိုင်ပွဲကို တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ကျန်းကျားခိုမြို့ရှိ ယွင်တင်ဆီးနှင်းဥယျာဉ် ၌ ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ ၎င်းသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီအတွင်း အဆိုပါနေရာ၌ ကျင်းပမည့် အဓိက FIS ပြိုင်ပွဲကြီး ၄ ခုအနက် ပထမဆုံးပြိုင်ပွဲ ဖြစ်လာမည်ဖြစ်သည်။ လွန်ခဲ့သည့် ဒီဇင်ဘာလက အောင်ပွဲခံခဲ့ဖူးသည့် နေရာသို့ ကူ ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းထားခဲ့ကြသည်။
ကူသည် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ၎င်း၏ အိုလံပစ် Freeski Halfpipe ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်တွင် ရရှိခဲ့သည့် ရွှေတံဆိပ် နှစ်ခုအပြင် ယခုတစ်ကြိမ်တွင်လည်း ရွှေတံဆိပ်တစ်ခု ထပ်မံရရှိခဲ့သဖြင့် ၎င်း၏ အိုလံပစ်သမိုင်းတစ်လျှောက် ရွှေတံဆိပ်ဆု သုံးခု ပိုင်ဆိုင်လာခဲ့သည်။ ထို့အပြင် ကူသည် မီလန်-ကော်တီနာပြိုင်ပွဲ၌ Slopestyle နှင့် Big Air ပြိုင်ပွဲများတွင်လည်း ငွေတံဆိပ်များ ရရှိခဲ့ရာ စုစုပေါင်း ဆုတံဆိပ် ၃ ခု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Gu Ailing likely to miss home FIS World Cup after shoulder dislocation
BEIJING, Nov. 25 (Xinhua) -- Olympic freeski halfpipe champion Gu Ailing said Wednesday she is unlikely to compete at next month's World Cup stop in Zhangjiakou after dislocating her shoulder in training in Austria.
"A few days ago, unfortunately, I dislocated my shoulder during training in Austria. I drove for about an hour to the hospital, where I immediately had X-rays taken and my shoulder was reduced," Gu wrote on Chinese social media platform Weibo.
"I am still waiting for the doctor's assessment, but at the moment the possibility of competing at the Yunding World Cup stop is relatively small. I am very sorry to disappoint friends who have already bought tickets or arranged their travel plans to come and cheer for me in person," she added.
The FIS Freestyle Ski and Snowboard Halfpipe World Cup is scheduled for Dec. 9 to 13 at Yunding Snow Park in Zhangjiakou, north China's Hebei Province. It will be the first of four major FIS events at the venue between December 2026 and February 2027. Gu had been expected to return to the venue where she won last December.
Gu retained her Olympic freeski halfpipe title at the Milan-Cortina Winter Olympics in February, earning her third career Olympic gold after winning two at Beijing 2022. It was also her third medal at Milan-Cortina, where she took silver in both slopestyle and big air. ■
Photo caption: Gu Ailing of China competes during run 3 of the freestyle skiing women's freeski halfpipe final at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 22, 2026. (Xinhua/Wu Huiwo)