
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး ချိုက်ချီသည် နိုဝင်ဘာ ၂၅ ရက်တွင် ပေကျင်းမြို့၌ ကျူးဘား ကွန်မြူနစ်ပါတီ (PCC) ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ ဗဟိုကော်မတီ စီးပွားရေးနှင့် ထုတ်လုပ်မှုဌာန အကြီးအကဲ Jorge Luis Broche Lorenzo ဦးဆောင်သည့် ကျူးဘား ကွန်မြူနစ်ပါတီ ကေဒါ လေ့လာရေးအဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ချိုက်ချီက သမ္မတ ရှီကျင့်ဖိန်နှင့် ကျူးဘား သမ္မတ Miguel Diaz-Canel တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်–ကျူးဘား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးသည် စဉ်ဆက်မပြတ်နက်ရှိုင်းခိုင်မာလာပြီး ပါတီနှစ်ရပ်နှင့် နိုင်ငံနှစ်နိုင်ငံ၏ သံမဏိပမာ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို အပြည့်အဝ ထင်ဟပ်ပြသနေသည်ဟု ပြောကြားခဲ့သည်။ ခေတ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံနှင့်အတူ ပါတီနှစ်ရပ်နှင့် နိုင်ငံနှစ်နိုင်ငံတို့မှ ထိပ်တန်းခေါင်းဆောင်များ၏ အရေးပါသော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်၊ အဆင့်မြင့်အလွှာ သွားလာတွေ့ဆုံမှုကို တိုးမြှင့်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နိုင်ငံစီမံခန့်ခွဲရေး အတွေ့အကြုံဖလှယ်မှုကို နက်ရှိုင်းစေရန်၊ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စေရန် ဆန္ဒရှိပြီး တရုတ်–ကျူးဘား ဆက်ဆံရေးကို ရှေ့သို့တိုး၍စဉ်ဆက်မပြတ် လျှောက်လှမ်းမှုကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချိုက်ချီက တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး အခြေအနေကိုလည်း မိတ်ဆက်ပြောကြားခဲ့သည်။
Broche က တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း၊ ကျူးဘားနိုင်ငံ လက်ရှိ ခက်ခဲသော အခြေအနေများကို ရင်ဆိုင်ရေးအတွက် တရုတ်နိုင်ငံက ပေးအပ်ခဲ့သော အကူအညီနှင့် အထောက်အပံ့များအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ဦးဆောင်ခြင်း၊ လူမှုစီးပွားရေး အသွင်ကူးပြောင်းမှုကို တွန်းအားပေးခြင်းဆိုင်ရာ အောင်မြင်သော အတွေ့အကြုံများအား နက်ရှိုင်းစွာ လေ့လာမှီငြမ်းလိုကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

..................................
(Chinese Version)
蔡奇会见古巴共产党干部考察团
新华社北京11月25日电 中共中央政治局常委、中央书记处书记蔡奇25日在京会见由古共中央书记处书记、中央经济与生产部部长布洛切率领的古巴共产党干部考察团。
蔡奇表示,在习近平总书记和迪亚斯-卡内尔第一书记战略引领下,中古命运共同体建设不断走深走实,充分彰显两党两国铁杆情谊。新时期,中方愿同古方共同落实好两党两国最高领导人重要共识,增进高层交往,加强务实合作,深化治国理政经验交流,密切多边协调配合,推动中古关系不断向前迈进。蔡奇并介绍了中共二十届五中全会情况。
布洛切表示,祝贺中共二十届五中全会胜利举行,衷心感谢中方对古巴应对当前困难局势提供的帮助支持,愿深入学习借鉴中国共产党领导改革开放和推进经济社会转型的成功经验。(完)
图说:11月25日,中共中央政治局常委、中央书记处书记蔡奇在北京会见由古共中央书记处书记、中央经济与生产部部长布洛切率领的古巴共产党干部考察团。 新华社记者 殷博古 摄