
ဦလန်ဘာတာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
မွန်ဂိုလီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် မွန်ဂိုလီးယားနိုင်ငံအစိုးရ ပုံမှန်အစည်းအဝေးတွင် အဆိုပါနိုင်ငံ အရှေ့ပိုင်းပြည်နယ် Numrug သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် မီးလောင်ကျွမ်းမှုအတွင်း ပျက်စီးဆုံးရှုံးမှုအား သုံးသပ်အကဲဖြတ်သည့် တိုးတက်မှုကို အစီရင်ခံတင်ပြခဲ့ရာ ကနဦးခန့်မှန်း ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုသည် ဂျပန်ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီဝန်ထမ်းများ၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်နေသည်ဟု ယခင်သတင်းများအရ သိရသည်။
မွန်ဂိုလီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲရေး ဝန်ကြီး Tsend Sandag-Ochir က ဂြိုဟ်တုဖြင့်တိုင်းတာ စာရင်းကောက်ယူမှုအရ ယခုအကြိမ် မီးလောင်ကျွမ်းမှုအတွင်း မီးကူးသွားသည့် စုစုပေါင်းဧရိယာမှာ ၄၈၄,၃၈၃.၇ ဟက်တာရှိပြီး ၎င်းအနက် ၄၃၁,၅၉၂.၈ ဟက်တာသည် Numrug သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် အတွင်းတွင် ကျရောက်နေကာ စုစုပေါင်းမီးလောင်ကျွမ်းမှုဧရိယာ၏ ၈၉.၁ ရာခိုင်နှုန်း ရှိကြောင်း ပြောကြားခဲ့သည်။
ပတ်ဝန်းကျင်ဝန်ကြီးဌာနက ကျွမ်းကျင်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းကာ ကနဦးစစ်ဆေးအတည်ပြုမှု လုပ်ဆောင်ပြီးခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် သစ်တော၊ မြက်ခင်းပြင်၊ မြစ်ကမ်းပါး စသည့် ဂေဟစနစ်အမျိုးမျိုးကို သက်ရောက်မှုရှိခဲ့ကြောင်း၊ ဟက်တာ ၈၁,၀၀၀ ရှိသည့်ဧရိယာသည် မြင့်မားပြီး အလွန်မြင့်မားသော မီးလောင်ပျက်စီးမှုအဆင့်သို့ ရောက်ရှိခဲ့ကာ စုစုပေါင်း သစ်တောဧရိယာ ဟက်တာ ၁၄,၇၀၀ ခန့် ပျက်စီးခဲ့ပြီး တောရိုင်းတိရစ္ဆာန်များ၏ ခိုနားကျက်စားနေထိုင်ရာနေရာများ ဆုတ်ယုတ်လျက်ရှိကြောင်း၊ မွန်ဂိုလီးယားနိုင်ငံ တရားဥပဒေစည်းမျဉ်းများအရ တွက်ချက်ပြီးနောက် တင်ပြလာသော ကနဦးစုစုပေါင်း နစ်နာဆုံးရှုံးမှုပမာဏမှာ မွန်ဂိုလီးယား တူဂရစ် ၃.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၁၀ သန်းခန့်) ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြက်ခင်းပြင်နှင့် မြက်ခင်းစိုက်ဧရိယာအချို့သည် သဘာဝအတိုင်း ပြန်လည်ပြုပြင် ကောင်းမွန်လာနိုင်ခြေ ရှိသော်လည်း မီးလောင်ခံရသည့် သစ်တောဧရိယာများ၊ မြစ်ကမ်းပါးဇုန် ကဲ့သို့သော ထိလွယ်ရှလွယ်သည့် ဂေဟစနစ်ဒေသများမှာမူ ရေရှည်ပျက်စီးမှုအန္တရာယ် မြင့်မားပြီး အပင်လွှမ်းခြုံမှုအလွှာ၊ မြေဆီလွှာကာကွယ်ရေးအလွှာ၊ တိရစ္ဆာန်အစားအစာ အရင်းအမြစ်များ လျော့နည်းကျဆင်းလာကာ မြေဆီလွှာနှင့် ရေထုပျက်စီးယိုယွင်းမှု ဖိအားများ တိုးလာကြောင်း အစီရင်ခံတင်ပြမှုတွင် ဖော်ပြထားသည်။ မွန်ဂိုလီးယားနိုင်ငံအနေဖြင့် အဆင့်လိုက် ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ရေးနှင့် ရေရှည်စောင့်ကြည့်လေ့လာရေး စသည့် ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ကာ မီးဘေးကြောင့် ဂေဟစနစ်အပေါ် အဆက်မပြတ် သက်ရောက်မှုဖြစ်ပွားခြင်းကို လျှော့ချရန် စီစဉ်ထားသည်။
မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်းပြည်နယ် Numrug သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် အောက်တိုဘာ ၈ ရက်က အကြီးစား မြက်ခင်းပြင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသော မွန်ဂိုလီးယား တယ်လီကွန်း ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီ Mobicom ၏ ယာဉ်တစ်စီး မောင်းနှင်စဉ် မြက်ခြောက်များ မီးစွဲ၍ မြက်ခင်းမီးလောင်မှု ဖြစ်ပွားစေခဲ့ခြင်းဖြစ်ပြီး မီးများကို အောက်တိုဘာ ၁၆ ရက်တွင် ငြှိမ်းသတ်ခဲ့ပြီးဖြစ်ကြောင်း မွန်ဂိုလီးယားနိုင်ငံ မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဂျပန်နိုင်ငံ တယ်လီကွန်း ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီ KDDI က မီးလောင်ကျွမ်းမှုသည် ၎င်းလက်အောက်ခံကုမ္ပဏီ Mobicom မှ ဂျပန်နိုင်ငံသား အဆင့်မြင့်အရာရှိ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်မှုရှိကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ဝန်ခံခဲ့သည်။ လူထုသဘောထား၏ ဖိအားကြောင့် အဆိုပါကုမ္ပဏီသည် အောက်တိုဘာ ၂၃ ရက်တွင် ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်၌ လူသိရှင်ကြား တောင်းပန်ကာ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Numrug သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်သည် မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်းတွင် မူလအနေအထားအတိုင်း အကောင်းဆုံးထိန်းသိမ်းထားသော သဘာဝဂေဟစနစ်များအနက် တစ်ခုဖြစ်ကာ ရှားပါးမျိုးစိတ်နှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိမျိုးစိတ်များ အပါအဝင် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးအတွက် ခိုနားနေထိုင်ရန်နေရာများ ပံ့ပိုးပေးထားသည်။ (Xinhua)
---------------------
(Chinese Version)
蒙古国努姆鲁格保护区火灾初估损失超9亿美元
新华社乌兰巴托11月25日电(记者哈丽娜)在25日召开的蒙古国政府例行会议上,蒙古国自然环境与气候变化部通报东方省努姆鲁格自然保护区火灾损失评估进展,初步估计损失超9亿美元。此前报道显示火灾与日资企业人员活动有关。
蒙古国自然环境与气候变化部部长策·桑达格-奥其尔说,据卫星监测统计,本次火灾过火总面积达484383.7公顷,其中431592.8公顷位于努姆鲁格自然保护区范围内,占受灾总面积89.1%。环境部组建专业评估团队完成初步核查,火情波及森林、草原、河岸等多类生态系统。有8.1万公顷区域达到高和极高烧毁等级,共计约1.47万公顷森林受损,野生动物栖息地出现退化。依据蒙古国法规核算后,上报的初步总损失金额为3.3万亿图格里克(约合9.1亿美元)。
通报提到,部分草原、草甸存在自然修复可能,但过火林区、河岸带等脆弱生态区域的长期受损害风险偏高,植被层、土壤保护层、动物食源都出现衰减,水土退化压力加大。蒙古国计划分阶段落实管护修复、长期监测等举措,降低火灾对生态造成的持续影响。
蒙古国东方省努姆鲁格自然保护区10月8日发生大规模草原火灾。据蒙古国媒体报道,日资控股的蒙古国电信运营商莫比康公司车辆在行驶过程中引燃干草,酿成草原火灾。明火于10月16日被扑灭。
日本电信运营商凯迪迪爱公司10月20日承认,火灾与其子公司莫比康的日本籍高管活动有关。面对舆论压力,该公司10月23日在官方网站公开致歉,表示将配合调查。
努姆鲁格自然保护区是蒙古国东部原本保存最完好的自然生态系统之一,为多种野生动物提供栖息地,包括珍稀和濒危物种。(完)
Photo Caption : An aerial drone photo taken on Oct. 11, 2026 shows firefighters extinguishing a grassland fire at the border area in north China's Inner Mongolia Autonomous Region. (Xinhua)