Xinhua Myanmar

တရုတ်နိုင်ငံက အာကာသအား ငြိမ်းချမ်းစွာ အသုံးပြုမှု စသည့်ကဏ္ဍများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ကုလသမဂ္ဂ ဆို

ရှန်ကျိုး-၂၄ လူလိုက်ပါပျံသန်းမှုမစ်ရှင် ထမ်းဆောင်မည့် အာကာသယာဉ်မှူးအဖွဲ့ စတင်ထွက်ခွာခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ ဝန့်ထျန်းအဆောက်အဦ ယွမ်မုန့်ယွမ်ရင်ပြင်၌ ကျင်းပခဲ့ရာ အာကာသယာဉ်မှူး ထန်းဟုန်ပေါ (ယာ)၊ ဝူရိ (အလယ်) နှင့် Muhammad Zeeshan Ali (ဝဲ) တို့ကို အခမ်းအနား၌ တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၄ မစ်ရှင်တွင် နိုင်ငံခြားသား အာကာသယာဉ်မှူး ပါဝင်ခြင်းကို ကုလသမဂ္ဂဘက်မှ ကြိုဆိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံက အာကာသအား ငြိမ်းချမ်းစွာ အသုံးပြုမှု စသည့်ကဏ္ဍများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ယူဆကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၄ လူလိုက်ပါအာကာသယာဉ်သည် နိုဝင်ဘာ ၂၅ ရက်တွင် အာကာသသို့ ပျံသန်းသွားခဲ့ရာ တရုတ်နိုင်ငံ၏ “ထျန်းကုန်း” အာကာသစခန်းသို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသား အာကာသယာဉ်မှူး ရောက်ရှိလာခြင်းဖြစ်သည်။

Stephane Dujarric က နိုဝင်ဘာ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုကို ဖြေကြားရာ၌  တရုတ်နိုင်ငံ၏ ယခုအကြိမ်မစ်ရှင်တွင် ပါကစ္စတန်အာကာသယာဉ်မှူးတစ်ဦး ပါဝင်ခြင်းကို ကုလသမဂ္ဂဘက်မှ ကြိုဆိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံက အာကာသကို ငြိမ်းချမ်းစွာ အသုံးချရေး၊ အာကာသ စူးစမ်းရှာဖွေရေးနှင့် ၎င်းမှရရှိလာသော သိပ္ပံပညာရပ်ဆိုင်ရာ တိုးတက်မှုများကို နိုင်ငံအားလုံးအတွက် အကျိုးရှိစေရေးတို့ကို သေချာစေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်အား တင်ဆောင်ထားသည့် Long March-2F Y24 သယ်ဆောင်ရေးဒုံးပျံကို ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၁၈ မိနစ်တွင် တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည်။ ရှန်ကျိုး-၂၄ မစ်ရှင်အား ထမ်းဆောင်သည့် အာကာသယာဉ်မှူး ၃ ဦးတွင် ပါကစ္စတန် အာကာသယာဉ်မှူး Muhammad Zeeshan Ali လည်း ပါဝင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ပါကစ္စတန် အာကာသယာဉ်မှူး ရွေးချယ်ရေးလုပ်ငန်းကို တရားဝင်စတင်ခဲ့သည်။ နောက်ဆုံးတွင် Muhammad Zeeshan Ali သည် Payload ကျွမ်းကျင်သူအနေဖြင့် ရှန်ကျိုး-၂၄ လူလိုက်ပါပျံသန်းရေးမစ်ရှင်၏ အဖွဲ့ဝင်တွင် ပါဝင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။ (Xinhua)

ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်အား တင်ဆောင်ထားသည့် Long March-2F Y24 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လွှတ်တင်ခဲ့ရာ ရှန်ကျိုး-၂၄ လူလိုက်ပါအာကာသယာဉ်နှင့် ဒုံးပျံ အောင်မြင်စွာခွဲထွက်၍ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်သွားရာ လွှတ်တင်မှု အပြည့်အဝ အောင်မြင်မှုရရှိသည်ကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

联合国:中国在和平利用外空等方面发挥重要作用

新华社联合国11月25日电(记者尚绪谦)联合国秘书长古特雷斯的发言人迪雅里克25日表示,外籍航天员参与中国神舟二十四号任务,联合国方面对此表示欢迎。联合国认为,中国在和平利用外层空间等方面发挥着重要作用。  

中国神舟二十四号载人飞船25日奔赴太空,中国“天宫”空间站首次迎来外籍航天员。迪雅里克在25日的例行记者吹风会上回答提问时说,联合国方面对巴基斯坦航天员参与中国此次任务表示欢迎。联合国方面认为,中国在确保和平利用外层空间、确保空间探索以及由此带来的科学进步惠及所有国家方面发挥着重要作用。  

北京时间25日8时18分,搭载神舟二十四号载人飞船的长征二号F遥二十四运载火箭在酒泉卫星发射中心点火发射。执行神舟二十四号任务的3名航天员包括巴基斯坦航天员穆罕默德·齐尚·阿里。  

2025年2月,中巴两国签署合作协议,正式启动巴基斯坦航天员选拔工作。最终,齐尚·阿里以载荷专家身份入选神舟二十四号载人飞行任务乘组。(完)

图说1:11月25日凌晨,神舟二十四号载人飞行任务航天员乘组出征仪式在酒泉卫星发射中心问天阁圆梦园广场举行。这是航天员汤洪波(右)、武毅(中)、穆罕默德·齐尚·阿里(左)在出征仪式上。 新华社记者 连振 摄

图说2:11月25日,搭载神舟二十四号载人飞船的长征二号F遥二十四运载火箭在酒泉卫星发射中心点火发射。神舟二十四号载人飞船与火箭成功分离,进入预定轨道,发射取得圆满成功。 新华社发(杨晓博 摄)

မူရင်းသတင်း — Xinhua Myanmar