Xinhua Myanmar

ယူကရိန်းအား ကန်ဒေါ်လာ သန်း ၆၀၀ ကျော် တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ခွင့်ပြု

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇွန် ၃ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းထံသို့ ကန်ဒေါ်လာ ၆၂၁.၉ သန်း တန်ဖိုးရှိ စစ်လက်နက်ရောင်းချမှု အစီအစဉ်တစ်ရပ် အဆိုပြုမှုကို ခွင့်ပြုခဲ့ပြီးဖြစ်ကာ ယင်းတွင် F-16 တိုက်လေယာဉ် ကြံ့ခိုင်ရေးစက်ပစ္စည်းနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများ ရောင်းချခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း  ကြေညာချက်တစ်ရပ်ကို နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယူကရိန်းအနေဖြင့် ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နော်ဝေ တို့မှ ငွေကြေးအကူအညီများဖြင့် ယခုအကြိမ် ဝယ်ယူမှုကို လုပ်ဆောင်မည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ငွေကြေး ပါဝင်မည်မဟုတ်ကြောင်း၊ ဤစစ်လက်နက်ရောင်းချမှုသည် ယူကရိန်းနိုင်ငံ၏ လေကြောင်းရန် ကာကွယ်မှုစွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်ကာ ထိုမှတစ်ဆင့် ၎င်း၏ လက်ရှိနှင့်အနာဂတ် ခြိမ်းခြောက်မှုများအား တုံ့ပြန်နိုင်စွမ်းကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ယူကရိန်းထံသို့ Patriot ဒုံးကျည် အလုံးရေ ၅၀၀ နှင့် သက်ဆိုင်ရာစက်ပစ္စည်းများ ရောင်းချရန် ခွင့်ပြုခဲ့ပြီး စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၂.၁ ဘီလီယံရှိသည်။ အဆိုပါကုန်ကျစရိတ်ကို ကနေဒါ၊ ဂျာမနီနှင့် နော်ဝေ တို့မှ ပံ့ပိုးပေးသည့် လှူဒါန်းငွေများနှင့် ဥရောပသမဂ္ဂနှင့်ဆက်စပ်သည့်ချေးငွေတို့ဖြင့် ပေးချေမည်ဖြစ်ရာ အမေရိကန်အစိုးရ၏ အရင်းအနှီးငွေများနှင့်လည်း ပတ်သက်မှုမရှိပေ။ (Xinhua)

---------------------

(Chinese Version)

美国务院批准对乌克兰6亿多美元军售

新华社华盛顿11月25日电(记者黄强 徐剑梅)美国国务院25日发表声明说,已决定批准一项价值6.219亿美元的军售计划,用于向乌克兰出售F-16战机保障维护设备及相关服务。  

声明说,乌克兰将利用来自比利时、丹麦、荷兰和挪威的援助资金来完成此次采购,不涉及美国政府资金。此次军售将加强乌克兰防空能力,从而提升其应对当前和未来威胁的能力。  

美国国务院10月30日批准向乌克兰出售500枚“爱国者”导弹及相关设备,总价值21亿美元,费用由加拿大、德国和挪威提供的捐款以及欧盟相关贷款支付,不涉及任何美国政府资金。(完)

图说:这是6月3日在美国首都华盛顿拍摄的美国国务院外景。新华社记者李睿摄

မူရင်းသတင်း — Xinhua Myanmar