
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ( PPRD) ၏ ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစာရင်းအရ စက်သုံးဆီအမျိုးအစားအားလုံး ၂၀၀ ကျပ်ဝန်းကျင်စီ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။
အောက်တိန်း 92 နှင့် 95 ဈေးနှုန်းများမှာ ယခင်ရက်သတ္တပတ်ထက် ၂၅၀ ကျပ်အထိဈေးနှုန်းကျဆင်းလာပြီး ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၉၀ကျပ် ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
PPRD ၏ ယနေ့ နိုဝင်ဘာလ ၂၇ ရက် ထုတ်ပြန်ချက်အရ တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၃၇၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၇၉၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၄၀၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၉၀၅ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းများမှာ ဆက်တိုက် ကျဆင်းလာသော်လည်း မှောင်ခိုဈေးကွက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကာ ပြင်ပမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် တစ်သောင်းကျော်အထိ ရောင်းချနေကြကြောင်း သိရသည်။