Myanmar Digital News

ကလောမြို့၌ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ကျင်းပ

ကလော  နိုဝင်ဘာ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ (၂၁) ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၅ ရက်က မောမြေဦးပန်းခြံအနီး မီးရှော်တိုင်ကွင်း၌ ကျင်းပသည်။

 

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသား ရိုးရာအကအဖွဲ့များက ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်မီးရှော်တိုင်အဖွဲ့များက စတင်ထွန်းညှိ ယှဉ်ပြိုင်ခဲ့ရာ ရပ်ကွက် (၃)ကိုယ်စားပြု ကောင်းကင်ကြယ်နှင့် ရွာသစ်လူငယ် မီးရှော်တိုင်၊ အင်းပြင်ကျေးရွာကိုယ်စားပြု အင်းပြင်လူငယ်မီးရှော်တိုင်နှင့် သီခေါင် ကျေးရွာကိုယ်စားပြု Archer(ဒို့လူငယ်) မီးရှော်တိုင်တို့ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

    

ကျော်ဝင်း(ကလော)

မူရင်းသတင်း — Myanmar Digital News