နေပြည်တော် နိုဝင်ဘာ ၂၆
အခြေခံပညာအလယ်တန်းဆင့် (Grade - 7, Grade - 8, Grade - 9) အတန်းများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ (တိုင်းဒေသကြီး/ ပြည်နယ်အဆင့်)ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်၊ မန္တလေး၊ မွန်၊ ရှမ်း (တောင်)၊ နေပြည်တော်တို့တွင် ကျင်းပဆောင်ရွက် သွားမည်ဖြစ်သည်။
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများတွင် နည်းပြများအဖြစ် အခြေခံစိုက်ပျိုးရေးပညာအတွက် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများကလည်းကောင်း၊ အခြေခံမွေးမြူရေးပညာအတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာ ဆရာမများကလည်းကောင်း၊ စက်မှုအတတ်ပညာအတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာ ဆရာမများကလည်းကောင်း ဆွေးနွေးပို့ချသွားမည် ဖြစ်ကာ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင်ကျောင်းမှ Grade - 7၊ Grade - 8၊ Grade - 9 တို့တွင် သိပ္ပံဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်များကို သင်ကြားနေသည့် အလယ်တန်းပြ ဆရာ ဆရာမ ၁၂၀၆ ဦး တက်ရောက်ကြပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရှမ်း(အရှေ့)တို့မှ သင်တန်းသားများအနေဖြင့် Online စနစ် Zoom Application ဖြင့် တက်ရောက်သွားမည်ဖြစ်သည်။
အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွား ဆွေးနွေးပွဲများကိုလည်း ဒီဇင်ဘာ ၅ရက်မှ ၇ ရက်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ယခုသင်တန်းမှ သင်တန်းသား သင်တန်းသူများသည် မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းများတွင် နည်းပြအဖြစ် ပြန်လည် ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပညာရေးဝန်ကြီးဌာနသည် သင်ကြား သင်ယူမှုအခွင့်အလမ်းများ တိုးတက်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် အသက်မွေးဝမ်းကျောင်း ပညာများနှင့် ချိတ်ဆက် ပေါင်းကူးနိုင်ရေး ရည်ရွယ်၍ အလယ်တန်းဆင့် Grade-9 ပြီးမြောက် အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများအား Grade-10၊ Grade-11၊ Grade-12 အတန်းများတွင် စက်မှု အတတ်ပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာများကို သင်ကြားနိုင်ရေး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ရာ ကျောင်းပေါင်း ၉၂ ကျောင်းကို ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို အခြေခံပညာ အလယ်တန်းဆင့်မှစ၍ သင်ကြားပေးနိုင်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာရပ်များကို သိရှိနားလည်ပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းတက်ရောက် လာကြသော ဆရာ ဆရာမများအနေဖြင့်လည်း သင်တန်းမှသင်ကြားပို့ချမှုများကို အထူးဂရုပြုသင်ယူ၍ သက်ဆိုင်ရာ မြို့နယ်များတွင် ပြန်လည်ပို့ချရာ၌ အရည်အသွေးရှိရှိ သင်ကြားပို့ချ ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်ပညာကဏ္ဍသင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ(၂/၂၀၂၆) ဒုတိယနေ့သို့ တက်ရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များကို သုံးသပ်ရှင်းလင်းတင်ပြကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်