Xinhua Myanmar

“အာရှသင်္ချာသမဂ္ဂ” ဟောင်ကောင်၌ ဖွဲ့စည်း

ဟောင်ကောင်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အာရှဒေသအနှံ့ သင်္ချာပညာရပ်နယ်ပယ်အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ သင်္ချာသုတေသန၊ အရည်အချင်းရှိသူများ ပြုစုပျိုးထောင်ရေးနှင့် ဘာသာရပ်ပေါင်းစုံ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ရည်ရွယ်၍ “အာရှသင်္ချာသမဂ္ဂ (AsianMU)” ကို တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ နိုဝင်ဘာ ၂၄ ရက်က တည်ထောင်ခဲ့သည်။

တည်ထောင်ခြင်း အခမ်းအနားကို ဟောင်ကောင်တရုတ်ဘာသာတက္ကသိုလ် (CUHK) ၌ ကျင်းပခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ အီရန်၊ ဂျပန်၊ ရုရှားနှင့် တောင်ကိုရီးယား စသည့် နိုင်ငံနှင့် ဒေသအသီးသီးမှ သင်္ချာပညာရှင်များ၊ ပညာရှင်များနှင့် သိပ္ပံသုတေသန အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သင်္ချာပညာရပ်သည် သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုကို တွန်းအားပေးသည့် အရေးပါသော အခြေခံအုတ်မြစ် ဖြစ်ကြောင်း အာရှသင်္ချာသမဂ္ဂ ဥက္ကဋ္ဌဖြစ်ပြီး Fields Medal ဆုရှင်လည်းဖြစ်သူ ချိုးချန်ထုန်က ပြောကြားခဲ့သည်။ အာရှသင်္ချာသမဂ္ဂ တည်ထောင်ခြင်းသည် ဒေသတွင်းရှိ ပညာရှင်များအတွက် ရေရှည်တည်တံ့ပြီး တံခါးဖွင့်လှစ်သော ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာရှဒေသ၏ သင်္ချာစွမ်းအားကို စုစည်းခြင်းအားဖြင့် သိပ္ပံသုတေသန ဆန်းသစ်တီထွင်မှုနှင့် အရည်အချင်းရှိသူများ ပြုစုပျိုးထောင်ရေးကို မြှင့်တင်သွားနိုင်ရန် မျှော်လင့်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ သင်္ချာပညာရပ်နယ်ပယ်များနှင့် ဆက်သွယ်မှုကိုလည်း ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟောင်ကောင်တရုတ်ဘာသာတက္ကသိုလ် (CUHK) သည် အခြေခံသုတေသနနှင့် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရေးကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း CUHK တက္ကသိုလ် အမြဲတမ်းဒုတိယပါမောက္ခချုပ် ဖန်းဝေရှန်က ပြောကြားခဲ့သည်။

အာရှသင်္ချာသမဂ္ဂသည် CUHK တက္ကသိုလ်တွင် အခြေစိုက်ဖွင့်လှစ်ခြင်းသည် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရာတွင် အဆိုပါတက္ကသိုလ်၏ အရေးပါသော အခန်းကဏ္ဍကို ထင်ဟပ်စေပြီး နိုင်ငံတကာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဗဟိုဌာနအဖြစ်သာမက တရုတ်နှင့် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ကူးလူးဖလှယ်မှု ချိတ်ဆက်ရာ ဗဟိုအချက်အချာနေရာအဖြစ် ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍကိုလည်း ပိုမိုဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာရှသင်္ချာသမဂ္ဂ ရုံးချုပ်ကို ဟောင်ကောင်တရုတ်ဘာသာတက္ကသိုလ် (CUHK) ၌ ဖွင့်လှစ်ထားရှိရန် စီစဉ်ထားပြီး အနာဂတ်တွင် အာရှသင်္ချာပညာရှင်များ ညီလာခံ၊ လူငယ်ပညာရှင်များ ကူးလူးဖလှယ်မှု၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဘာသာရပ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ စသည့် အစီအစဉ်များစွာကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် သင်္ချာပညာရပ်နှင့် ဉာဏ်ရည်တုနည်းပညာ (AI)၊ ဇီဝသိပ္ပံ၊ စွမ်းအင်နှင့် ဘဏ္ဍာရေး စသည့် နယ်ပယ်များအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

亚洲数学联盟在港成立

新华社香港11月25日电 亚洲数学联盟24日在香港成立,旨在促进亚洲各地数学界交流合作,推动数学研究、人才培育及跨学科创新发展。

成立典礼在香港中文大学(中大)举行,来自中国、印度、伊朗、日本、俄罗斯、韩国等国家及地区的数学家、学者及科研机构代表参加。

亚洲数学联盟主席、菲尔兹奖得主丘成桐表示,数学是推动科技创新的重要基础。亚洲数学联盟的成立,为区域内学者建立长远而开放的合作平台。他希望通过汇聚亚洲数学力量,促进科研创新与人才培育,并加强与世界各地数学界的联系。

中大常务副校长潘伟贤表示,中大一直致力推动基础研究及国际学术合作。亚洲数学联盟落户中大,体现该校在推动国际学术合作方面的重要角色,并进一步发挥香港作为国际创新科技中心及连接中外学术交流枢纽的角色。

据介绍,亚洲数学联盟总部拟设于中大,未来将推动亚洲数学家大会、青年学者交流、学术研讨会及跨学科合作项目等多项计划,并加强数学与人工智能、生命科学、能源和金融等领域的交流合作。

မူရင်းသတင်း — Xinhua Myanmar