ဆိုးလ် နိုဝင်ဘာ ၂၆
တောင်ကိုရီးယားနိုင်ငံကျောင်းများတွင်ကျင်းပမည့် စာမေးပွဲများတွင် ကျောင်းသားများအနေဖြင့် စမတ်ဖုန်းအပါအဝင် နည်းပညာမြင့်ပစ္စည်းများသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိပါက ၎င်းတို့၏ စာမေးပွဲရလဒ်အား သုညအဆင့်သတ်မှတ်မည် ဖြစ်ကြောင်း ခေတ္တပညာရေးဝန်ကြီး ချွိုင် အန်အောဒ်က ပြောကြားသည်။ .
နည်းပညာအကူအညီဖြင့် မသမာမှုပြုလုပ်မှုများအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားသော ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်လာပြီးနောက် အဆိုပါ စည်းမျဉ်းအသစ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စတွင် နိုင်ငံလုံးဆိုင်ရာ အခွန်စာရင်းကိုင်စာမေးပွဲ၌ အမှတ်အများ ဆုံးရရှိခဲ့သူတစ်ဦးက အသေးစားကင်မရာ၊ စမတ်ဖုန်းနှင့် ဉာဏ်ရည်တု နည်းပညာတို့ကို အသုံးပြု၍ မသမာမှုပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းများ၌ ပြုလုပ်မည့် ကျောင်းတွင်းအကဲဖြတ်စစ်ဆေးမှုဆိုင်ရာ စီမံဆောင်ရွက်ချက်များကို ဝန်ကြီးတင်ပြခဲ့သည်။ ၎င်းအကဲဖြတ်စစ်ဆေးမှုများမှရလဒ်များသည် တက္ကသိုလ်ဝင်ခွင့်အပေါ်အကျိုးသက်ရောက်မှုရှိသည်။
အဆိုပါ ပြင်ဆင်သတ်မှတ်ထားသော စည်းမျဉ်းအသစ်များအရ မသမာမှုပြုလုပ်ကြောင်း တွေ့ရှိသည့်နေ့တွင် ဖြေဆိုခဲ့သော ဘာသာရပ်အားလုံးအတွက် ရမှတ် သုညမှတ်သာ ရရှိမည်ဖြစ်သည်။ စာမေးပွဲဖြေဆိုနေစဉ် စမတ်ကိရိယာ တစ်ခုခုကို ကိုင်ဆောင်ထားခြင်း သို့မဟုတ် အသုံးပြုခြင်းသည် မသမာမှုပြုလုပ်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည့် ကျောင်းသားများသည် ကျောင်းထုတ်ခံရခြင်းအပါအဝင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဆိုသည်။ စာမေးပွဲမစတင်မီ ကျောင်းတာဝန်ရှိသူများအနေဖြင့် ဖုန်းများနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများကို သိမ်းဆည်းထားမည်ဖြစ်ကာ ကျောင်းသားများ၏ အိတ်များကိုလည်း စာမေးပွဲဖြေဆိုသည့် အခန်းများနှင့် ဝေးရာနေရာတွင် ထားရှိစေမည်ဖြစ်သည်။ ထို့ပြင် စာမေးပွဲဖြေဆိုသည့်ရက်များတွင် ကျောင်းတွင်းရှိ ကြိုးမဲ့အင်တာနက်လိုင်းများကို ပိတ်ထားမည်ဖြစ်ပြီး သံသယဖြစ်ဖွယ်လှုပ်ရှားမှုများ ရှိ၊ မရှိ ကြိုးမဲ့အချက်ပြလှိုင်းများကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်သည်။
ကျောင်းသားများသည် စာမေးပွဲခန်းမများသို့ မဝင်ရောက်မီနှင့် အိမ်သာမှ ပြန်လာသည့်အချိန်များတွင် သတ္တုရှာဖွေစက်ဖြင့် စစ်ဆေးခံရနိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် အရေးယူမှုများကို ပိုမိုတင်းကျပ်ရန်၊ စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရသည့် ကာလများကို တိုးမြှင့်ရန်နှင့် စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
Vn Express