Myanmar National Post

မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၁၀၆) နှစ်မြောက် အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ များကျင်းပ


မြစ်သား  ၊   နိုဝင်ဘာ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေ ရန်ရည်ရွယ်၍အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ (၁၀၆) နှစ်မြောက်အမျိုး သား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို နိုဝင်ဘာ ၂၆ ရက်နံနက် ၉ နာရီကအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ (၁၀၆)နှစ်မြောက် အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ အထက်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲတွင် “အမျိုးသား‌နေ့ကိုဂုဏ်ပြုဖို့ ဗလငါးတန်နှင့်ပြည့်စုံစို့” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ကဗျာပြိုင်ပွဲတွင် “အမျိုးသားနေ့၏ အားမာန်”‌ ခေါင်းစဥ်ဖြင့် ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့တည်တံ့ဖို့ တိုင်းရင်းသား အားလုံးစည်းလုံးစို့” ‌‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ဘက်စုံပညာ‌ရေးဆီ တစ်မျိုးသားလုံး လှမ်းလို့ချီ” စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးက ဦးဆောင်ပြီး အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်၍ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စောင့် ကြပ်ပေးခဲ့‌‌ကြောင်း မြိုု့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post