ရန်ကုန် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကော်မတီတို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ်(၇) ဒုတိယနေ့ကို နိုဝင်ဘာ ၂၆ ရက်တွင် ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပရာ ရာမညယူနိုက်တက်အသင်းက Enjoy Brother အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရာမညယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရသော်လည်း မိနစ် ၇၀ တွင် အဖွင့်ဂိုးရပြီးနောက် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အသင်းသစ်များအနက် Enjoy Brother တစ်သင်းတည်းသာ ရုန်းကန်နေရပြီး ခုနစ်ပွဲ ဆက်တိုက်အရှုံးနှင့် ရင်ဆိုင်ခဲ့ရကာ တစ်သင်းတည်းသော နိုင်ပွဲမရှိ၊ ရမှတ်မရသေးသည့် ရလဒ်ဆိုးပိုင်ဆိုင်ထားသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရာမညယူနိုက်တက်အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့သည့် စန်းမြင့်နိုင်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၇) တတိယနေ့ကို နိုဝင်ဘာ ၂၇ ရက် ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး Elite Kings အသင်းနှင့် Asia Lion အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MLeague