ဝဿန်
မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သို့ ရောက်ရှိလာတိုင်း မိမိတို့ သမိုင်းစာမျက်နှာထက်မှ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ပုံရိပ်များသည် နိုင်ငံသူနိုင်ငံသားတိုင်း၏ နှလုံးအိမ်ဝယ်တစ်ဖန်ပြန်လည် နိုးထလာစမြဲဖြစ်သည်။ ဤနေ့ထူး နေ့မြတ်သည် အမိမြေကို ချစ်မြတ်နိုးသူတိုင်း၏ နှလုံးအိမ်ဝယ် ဇာတိသွေး၊ ဇာတိမာန်များ တဖွားဖွားပြန်လည်ရှင်သန်လာစေသည့် နေ့တစ်နေ့ဖြစ်သကဲ့သို့ ယနေ့မျက်မှောက်ကာလတွင်လည်း နိုင်ငံနှင့်လူမျိုးအတွက် မိမိတို့၏တာဝန်ကို ပြန်လည်ဆင်ခြင်သုံးသပ်ရမည့် နေ့တစ်နေ့ဖြစ်သည်။
ယနေ့ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသည်။ ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန်မှာ စိတ်ဓာတ်ခိုင်မာမှု၊ အသိပညာနှင့် အမြော်အမြင်ရှိမှုတို့ လိုအပ်သကဲ့သို့ နိုင်ငံသားအားလုံး၏ တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလည်း အရေးကြီးသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၆ နှစ်က အမျိုးသားရေးအတွက် စည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့ကြသည့် မျိုးချစ်လူငယ်များ၏ စိတ်ဓာတ်ကို ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်၍ ပြန်လည်လေ့လာသင့်သည်။
အမျိုးသားကျောင်းများ စတင်ပေါ်ပေါက်လာ
၁၉၂၀ ပြည့်နှစ်တွင် ဗြိတိသျှကိုလိုနီအစိုးရက ပြဋ္ဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေသည် မြန်မာတိုင်းရင်းသားလူငယ်များ အဆင့်မြင့်ပညာ သင်ကြားခွင့်ရရှိရေးအတွက် အခက်အခဲဖြစ်စေခဲ့သည်။ ထိုဥပဒေကို မကျေနပ်သည့် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့မှ ကျောင်းသားလူငယ်များက ဆန့်ကျင်ခဲ့ကြပြီး ကျောင်းသားသပိတ်ကို စတင်ဆင်နွှဲခဲ့ကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်းတွင် စုဝေးတိုင်ပင်ခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များ၏ လှုပ်ရှားမှုသည် ပညာရေးဆိုင်ရာ ကန့်သတ်ချက်များကို ဆန့်ကျင်ခြင်းသာမက အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်လိုသည့် စိတ်ဓာတ်ကိုပါ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသပိတ် လှုပ်ရှားမှုမှတစ်ဆင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့ပြီး မိဘပြည်သူများကလည်း မိမိတို့၏ တတ်နိုင်သည့်အင်အားဖြင့် အမျိုးသားပညာရေးကို ဝိုင်းဝန်းပံ့ပိုးခဲ့ကြသည်။
ထိုသမိုင်းဖြစ်ရပ်က ပြသခဲ့သည်မှာ အခက်အခဲများကြားတွင်ပင် မိမိတို့၏အခွင့်အရေးနှင့် အမျိုးသားရေးရည်မှန်းချက်အတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းနိုင်ပါက အပြောင်းအလဲများကို ဖော်ဆောင်နိုင်ကြောင်းပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားအောင်ပွဲနေ့သည် အတိတ်ကအောင်မြင်မှုတစ်ခုကိုသာ အမှတ်ရစေသည့်နေ့မဟုတ်ဘဲ ယနေ့မျိုးဆက်များအတွက်လည်း သင်ခန်းစာယူဖွယ်ရာ များစွာရှိနေသည့်နေ့ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်သည် ပြည်တွင်းပဋိပက္ခများ၊ စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် နိုင်ငံတကာမျက်နှာစာမှ ဖိအားများကို ရင်ဆိုင်နေရသည်။ ထိုအခြေအနေများကြောင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများ ကြုံတွေ့နေရသကဲ့သို့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စိန်ခေါ်မှုများရှိနေသည်။ ထိုသို့သောအခြေအနေတွင် စိတ်ခံစားချက်တစ်ခုတည်းဖြင့် တုံ့ပြန်နေခြင်းထက် အကြောင်းအရာများကို မှန်ကန်စွာသုံးသပ်နိုင်သည့် အသိပညာ၊ အမြော်အမြင်နှင့် လက်တွေ့ကျသော ကြိုးပမ်းမှုများဖြင့် ရင်ဆိုင်ဖြေရှင်းရန်လိုအပ်သည်။
ညီညွတ်ခြင်းဖြင့် အောင်ပွဲဝင်
မြတ်စွာဘုရားရှင် လက်ထက်တော်က အင်အား ကြီးမားလှသော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝေသာလီပြည်သား လိစ္ဆဝီမင်းမျိုးတို့ကို တိုက်ခိုက်သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြံစည် အားထုတ်ခဲ့သည်။ သို့ရာတွင် လိစ္ဆဝီမင်းမျိုးတို့သည် မိမိတို့၏ အမျိုးဇာတိနှင့် တိုင်းပြည်အပေါ် ချစ်မြတ်နိုးစိတ်ကြီးမားကြပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် ‘‘အပရိဟာနိယ တရားခုနစ်ပါး’’ ကို တစိုက်မတ်မတ် ကျင့်သုံးလိုက်နာခဲ့ကြသည်။ တိုင်းရေးပြည်ရာကိစ္စရပ်များကို အညီအညွတ် စုဝေးတိုင်ပင်ခြင်း၊ အညီအညွတ် ဆုံးဖြတ်ဆောင်ရွက်ခြင်းနှင့် မိမိတို့၏ ရှေးရိုးအစဉ်အလာ ကောင်းမြတ်သော ကျင့်ဝတ်သိက္ခာများကို မပျက်မယွင်း စောင့်ထိန်းခြင်းတို့ကြောင့် အင်အားကြီးမားသော ပြင်ပရန်သူပင်လျှင် လိစ္ဆဝီမင်းတို့အပေါ် မည်သို့မျှထိုးနှက်အနိုင်ယူနိုင်ခြင်းမရှိခဲ့ကြောင်း မဟာပရိနိဗ္ဗာနသုတ်တော်၌ အထင်အရှားပါရှိသည်။
ထို့အပြင် ငါးရာ့ငါးဆယ်နိပါတ်တော်လာ မဟာဇနကဇာတ်တော်တွင် အလောင်းတော် မဟာဇနကမင်းသားသည် အခက်အခဲကြုံတွေ့ရသည့်တိုင် အားမလျှော့ဘဲ လုံ့လဝီရိယဖြင့် ကြိုးပမ်းခဲ့သည့်အကြောင်းကို တွေ့ရသည်။ ထိုဇာတ်တော်က သင်ခန်းစာပေးသည်မှာ အောင်မြင်မှုရရှိရန် အခြေအနေကောင်းများကိုသာ စောင့်မျှော်နေခြင်းထက် မိမိ၏ကြိုးစားအားထုတ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုကိုအခြေခံရန် လိုအပ်ကြောင်းပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်းကို လေ့လာကြည့်လျှင်လည်း စစ်ပွဲနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း ပြန်လည်ထူထောင်နိုင်ခဲ့သည့် နိုင်ငံများကို တွေ့မြင်နိုင်သည်။ ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝသို့ ရောက်ရှိခဲ့ရသော ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ပြင်ပကမ္ဘာ၏ ပြင်းထန်သော ဝေဖန်ပြစ်တင်မှုများနှင့် စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုများအောက်မှ ရုန်းထွက်နိုင်ခဲ့ကြသည်။ ယင်းတို့ အောင်မြင်ခဲ့ရခြင်း၏ အဓိကလျှို့ဝှက်ချက်မှာ အတိတ်မှနာကျင်မှုများကို အာဃာတအဖြစ်မထားဘဲ ပညာရေးစနစ်ကို အဆင့်မြှင့်တင်ခြင်း၊ နည်းပညာနှင့် စက်မှုလုပ်ငန်းများကို နေ့မအား၊ ညမနားကြိုးပမ်းတည်ဆောက်ခြင်းနှင့် တစ်မျိုးသားလုံး တစ်စိတ်တစ်ဝမ်းတည်း အလုပ်လုပ်ကိုင်ခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။
အလားတူ စင်ကာပူနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် သဘာဝသယံဇာတနည်းပါးသည့် အခြေအနေမှစတင်ကာ လူ့စွမ်းအားအရင်းအမြစ်၊ ပညာရေးနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့ကို အလေးထားဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေး အကျပ်အတည်းကာလတွင် တောင်ကိုရီးယားနိုင်ငံသည် ပြင်းထန်သောငွေကြေးနှင့် စီးပွားရေးအခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် ပြည်သူများက နိုင်ငံခြားငွေကြေး အရန်ငွေတိုးမြှင့်ရေးအတွက် မိမိတို့ပိုင်ဆိုင်သည့် ရွှေထည်ပစ္စည်းများကို စုပေါင်းရောင်းချလှူဒါန်းသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုမှရရှိသည့် ရွှေတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် တာဝန်ယူမှုကို ထင်ဟပ်စေခဲ့သည်။
ထိုသို့သော ကမ္ဘာ့သင်ခန်းစာများအရ နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်ရာတွင် အသိပညာနှင့် အတတ်ပညာကို အခြေခံရန်လိုအပ်သည်။ ယနေ့ခေတ်ကမ္ဘာကြီးတွင် နိုင်ငံတကာအရေးအခင်းများ၊ နည်းပညာပြောင်းလဲမှုများနှင့် စီးပွားရေးအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲလျက် ရှိသည်။ ထို့ကြောင့် နိုင်ငံသားများအနေဖြင့် သတင်းအချက်အလက်များကို မှန်ကန်စွာ စိစစ်သုံးသပ် နိုင်ရန်၊ ခေတ်မီနည်းပညာများကို အသုံးချနိုင်ရန်နှင့် မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှုများ တိုးတက်စေရန် ကြိုးပမ်းသင့်သည်။
အသိပညာကြွယ်ဝသည့် လူ့အဖွဲ့အစည်းတည်ဆောက်
အထူးသဖြင့် လူငယ်များသည် ပညာသင်ယူမှုကို အစဉ်မပြတ် ဆက်လက်လုပ်ဆောင်ကြရမည် ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်က ကျောင်းသားလူငယ်များသည် ပညာရေးစနစ်အပေါ် မကျေနပ်မှုကို ဖော်ထုတ်ခဲ့ကြသော်လည်း ပညာရေးကို စွန့်လွှတ်ခဲ့ကြခြင်းမဟုတ်ဘဲ အမျိုးသားပညာရေးစနစ်ကို ကိုယ်တိုင်တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ ယနေ့လူငယ်များအနေဖြင့်လည်း ခေတ်နှင့်အညီ လိုအပ်သည့် အသိပညာ၊ အတတ်ပညာများကို ဆည်းပူးပြီး မိမိတို့၏ အနာဂတ်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုး ပြုနိုင်သူများ ဖြစ်လာအောင် ကြိုးစားကြရမည်။ အသိပညာကြွယ်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မှသာ ပြင်ပမှ ဝင်ရောက်လာမည့် သတင်းအချက်အလက်အမှားများ၊ ထိုးနှက်ချက်များနှင့် နိုင်ငံရေးလှည့်ကွက်များကို မှန်မှန်ကန်ကန် ဝေဖန်ပိုင်းခြား ကျော်လွှားနိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော အခြေခံအချက်တစ်ရပ် ဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် မိမိတို့နိုင်ငံတွင် ခေတ်မီနည်းပညာများကို အသုံးချ၍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရန်၊ ပြည်တွင်း ဖူလုံမှုရှိစေရန်နှင့် ပြည်ပပို့ကုန်များ တိုးတက်လာစေရန် ဆောင်ရွက်သင့်သည်။ သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချခြင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်းတို့မှတစ်ဆင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှသာ မည်သည့်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုနှင့် ဖိအားပေးမှုကိုမဆို တုန်လှုပ်ခြင်းမရှိဘဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါလိမ့်မည်။
ထို့အတူ နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားပြည်သူများအကြား အပြန်အလှန်နားလည်ယုံကြည်မှု တည်ဆောက်ရေးသည်လည်း မရှိမဖြစ်လိုအပ်သည်။ သဘောထားကွဲလွဲမှုများကို အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းဆွေးနွေးမှုတို့ဖြင့် ဖြေရှင်းနိုင်မှသာ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုကာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သည်။
နိုင်ငံတော်အတွက် တစ်ဦးချင်းက တာဝန်ကျေ
နိုင်ငံတော်အပေါ်ထားရှိသည့် မေတ္တာစိတ်ကို လက်တွေ့ဖော်ပြနိုင်ရန်မှာလည်း မိမိတို့ကျရာ ကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများက ပြည်သူ့အကျိုးကို ရိုးသားဖြောင့်မတ်စွာသယ်ပိုးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များက ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားများက ကုန်ထုတ်လုပ်မှုတွင် ကြိုးပမ်းခြင်း၊ ကျောင်းသားလူငယ်များက ပညာကို ကြိုးစားသင်ယူခြင်းတို့သည် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် တစ်ဦးချင်းစီ၏ ပါဝင်ဆောင်ရွက်မှုများပင်ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်လည်ဆင်ခြင်သုံးသပ်ပါက မြန်မာနိုင်ငံသည် အတိတ်ကာလများစွာကလည်း ယခုထက်ပင် ပိုမိုပြင်းထန်သော လောကဓံ မုန်တိုင်းများကို အကြိမ်ကြိမ် ဖြတ်သန်းကျော်လွှားခဲ့ပြီး ဖြစ်ပါသည်။ ပုဂံခေတ် ပျက်သုဉ်းချိန်မှသည် ကုန်းဘောင်ခေတ်အဆုံးသတ် နယ်ချဲ့လက်အောက် ကျရောက်ခဲ့စဉ်ကလည်း လွတ်လပ်ရေးကို ပြန်လည် အရယူနိုင်ခဲ့သကဲ့သို့ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသော ပြည်တွင်းပြည်ပ အကျပ်အတည်းများကိုလည်း တိုင်းရင်းသားပြည်သူများ၏ ဇွဲသတ္တိဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြပါသည်။ ထို့ကြောင့် ယနေ့ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည်လည်း ကျွန်ုပ်တို့၏ စည်းလုံးမှု၊ သည်းခံနိုင်စွမ်းနှင့် ကြိုးပမ်းအားထုတ်မှုတို့ကို စမ်းသပ်နေသည့် ယာယီအခက်အခဲများသာ ဖြစ်ပါသည်။
၁၉၂၀ ပြည့်နှစ်က ကျောင်းသားလူငယ်များ၏ အမျိုးသားရေးစိတ်ဓာတ်သည် ယနေ့မျိုးဆက်များအတွက် ဆက်လက်လေ့လာအတုယူဖွယ်ရာ သမိုင်းအမွေအနှစ်တစ်ရပ်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၆ နှစ်က အမျိုးသားအရေးအတွက် စည်းလုံးညီညွတ်စွာရပ်တည်ခဲ့ကြသည့် စိတ်ဓာတ်ကိုအခြေခံကာ ယနေ့ခေတ်၏ စိန်ခေါ်မှုများကို အသိပညာ၊ အမြော်အမြင်နှင့် တာဝန်ယူမှုတို့ဖြင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းရင်းနိုင်ငံနှင့်လူမျိုးအကျိုးအတွက် မိမိတို့တတ်စွမ်းသည့် အခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။