
လွိုင်လင် ၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉) နာရီက အဆိုပါရုံး သင်တန်းခန်းမ၌ပြုလုပ်သည်။
ဦးစွာ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင် ဦးဇော်မင်း က သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြတ်သူ က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဆင်း လက်မှတ်ပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး
https://t.me/MyanmarNationalPost