Myanmar Digital News

ဆရာကန်တော့ပွဲနှင့် သက်ကြီးပူဇော်ပွဲအတွက် အလှူငွေပေးအပ်


ရန်ကုန် နိုဝင်ဘာ ၂၆

 

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပပြုလုပ်မည့် သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း၏ ဒသမအကြိမ်မြောက် ဆရာကန်တော့ပွဲနှင့် အသက် ၈၀ နှင့်အထက် သက်ကြီးအသင်းဝင်များ ပူဇော်ပွဲအတွက် ဦးထွန်းအောင် မိသားစု (GENSECON MYANMAR LTD.,) က အလှူငွေကျပ် ၁၀ သိန်း၊ ကြေးမုံသတင်းစာတိုက် ငွေစာရင်းအရာရှိ (ဦးထိန်ဝင်း) အား ရည်စူး၍ USA နေ ညီမများဖြစ်ကြသော ဒေါ်သန်းသန်းငြိမ်း၊ ဒေါ်မြမြဦး၊ ညီ- ဦးဝင်းဇော်နှင့် ဇနီး ဒေါ်ခင်စောယုတို့က အလှူငွေကျပ် လေးသိန်း၊ နယူးလိုက်ဝန်ထမ်းဟောင်း ဒေါ်စန်းမြင့် (ခေတ္တဂျပန်) က အလှူငွေကျပ် သုံးသိန်း၊ ဦးသိန်းမြင့် (စိမ်းလန်းရွှေမြေကုမ္ပဏီ) က အလှူငွေကျပ် သုံးသိန်း၊ သီရိသုဓမ္မမဏိဇောတဓရ ဦးလှမြင့် (ရန်ကုန်) က အလှူငွေ ကျပ်တစ်သိန်း၊ မယုဇနအောင် (ပိုးအိ) (ခေတ္တဂျပန်) က အလှူငွေ ကျပ်ငါးသောင်း၊ ဦးမိုးယုဝင်း (အလုံ) က အလှူငွေကျပ် ငါးသောင်းနှင့် ဦးအောင်သူရ (ပြင်ပသတင်းထောက်) က အလှူငွေကျပ် နှစ်သောင်း စုစုပေါင်းအလှူငွေ ကျပ်နှစ်ဆယ့်နှစ်သိန်းနှစ်သောင်းတိတိကို ယနေ့ နံနက်ပိုင်းက အသင်းရုံးခန်းသို့ လာရောက်လှူဒါန်းပေးအပ်ရာ အသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေ (မြင့်ဆွေမြင့်) နှင့် အမှုဆောင်များ က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အေးသန်း (စိန်တုံးကြီး)

မူရင်းသတင်း — Myanmar Digital News