
မက်ဒရစ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
လာလီဂါအမှတ်ပေးဇယားတွင် ဦးဆောင်နေသည့် ဘာစီလိုနာအသင်းသည် နိုဝင်ဘာ ၂၉ ရက်တွင် ဒီပို့တီဗိုလာကိုရူနာအသင်း၏ အိမ်ကွင်းသို့သွားရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းသည်လည်း ယင်းမတိုင်မီတစ်ရက်အလို နိုဝင်ဘာ ၂၈ ရက်ပွဲစဉ်တွင် အယ်လ်ချီအသင်းကိုအနိုင်ရပါက ထိပ်ဆုံးနေရာမှ ဘာစီလိုနာနှင့်အမှတ်ကွာဟမှုကို ၂ မှတ်အထိ လျှော့ချနိုင်မည့် အခွင့်အရေး ရှိနေသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဗီလာရီးရဲလ်အသင်းနှင့်ပွဲစဉ်တွင် ပွဲစပြီး ၇ မိနစ်အတွင်း ၂ ဂိုးပေးခဲ့ရသော်လည်း နောက်မှလိုက်ကစားကာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါနိုင်ပွဲအပြီး နိုဝင်ဘာ ၂၅ ရက် က ဘာကူးမြို့တွင်ကစားခဲ့သည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်၌လည်း ဟန်စီဖလစ်ခ်၏အသင်းသည်ဆာဘားအက်ဖ်ကေအသင်းကို သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။
ဒီပို့တီဗိုအသင်းတွင် လွန်ခဲ့သည့်နွေရာသီက ဘာစီလိုနာအသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် ရောက်ရှိလာသည့် ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို ပါဝင်လာဖွယ်ရှိသည်။
အက်သလက်တီကိုအသင်းသည် နိုဝင်ဘာ ၂၈ ရက် ညနေတွင် အမှတ်ပေးဇယားအောက်ဆုံးမှဒုတိယနေရာတွင် ရှိနေသည့် အယ်လ်ချီအသင်း၏အိမ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ပြီး နည်းပြဒီယေဂိုဆီမြွန်နီအနေဖြင့် အသင်းကို တာဝန်ယူကိုင်တွယ်ချိန်အတွင်း လာလီဂါနိုင်ပွဲ ၃၄၆ ပွဲမြောက် ရရှိရန် မျှော်လင့်လျက်ရှိသည်။ အက်သလက်တီကိုအသင်းသည် နိုဝင်ဘာ ၂၅ ရက်က ချန်ပီယံလိဂ်ပွဲစဉ်တွင် ဗိုက်ကင်းအက်ဖ်ကေအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားပြီး လာမည့် ဒီဇင်ဘာ ၂ ရက်တွင် နူးကမ့်ကွင်း၌ ဘာစီလိုနာအသင်းကို သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် ဒီပို့တီဗိုအလာဗက်စ်ကို အိမ်ကွင်းတွင် လက်ခံကစားမည်ဖြစ်သည်။ အလာဗက်စ် သည် ယခင်သီတင်းပတ်က ဒီပို့တီဗိုလာကိုရူနာကို ၂-၁ ဂိုးဖြင့်အနိုင်ရထားပြီး ယခုအခါ တိုက်စစ်မှူး လူးကပ်စ်ဘိုယီကို အားထားတိုက်စစ်ဆင်မည်ဖြစ်သည်။
ယခုတစ်ပတ် လာလီဂါပွဲစဉ်များကို နိုဝင်ဘာ ၂၇ ရက်ညတွင် လီဗန်တေးအသင်းက ရေးဆင်းဆန်တန်ဒါအသင်းကို အိမ်ကွင်း၌လက်ခံကစားမည့်ပွဲဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ လီဗန်တေးအသင်းသည် အဆင့် ၁၅ နေရာ တွင် ရှိနေသော်လည်း တန်းဆင်းဇုန်နောက်ဆုံးနေရာတွင် ရှိနေသည့် ဂီတာဖေးအသင်းနှင့် ရမှတ်တူညီနေသည်။ နောက်ခံလူ မန်နူးဆန်းချက်ဇ်မှာမူ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည် ဖြစ်သည်။
ရေးဆင်းအသင်းသည် ယခင်သီတင်းပတ်ကုန်က ရီးရဲလ်ဆိုစီဒက်အသင်းကို အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူး ယာဆာဇာဘီရီက ယခုရာသီ၏ ၁၀ ဂိုးမြောက်နှင့် ၁၁ ဂိုးမြောက် လာလီဂါသွင်းဂိုးများကို သွင်းယူနိုင်ခဲ့သည်။
ရီးရဲလ်ဘက်တစ်အသင်းသည် တန်းဆင်းဇုန်မှရုန်းထွက်နိုင်ရန် အမှတ်များလိုအပ်နေသည့် ရာယိုဗယ်လက်ကာနို အသင်းကို အိမ်ကွင်း၌လက်ခံကစားမည်ဖြစ်သည်။ နိုဝင်ဘာ ၂၄ ရက်က ဆလိုဗန်ဘရာတီဆလာဗာ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ဘက်တစ်အသင်း၏ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွင် ကူချိုဟာနန်ဒက်ဇ်က နှစ်ဂိုးစလုံး သွင်းယူပေးခဲ့သည်။
မာလာဂါအသင်းသည် ယခုရာသီ၏ ပထမဆုံး လာလီဂါနိုင်ပွဲရရှိရန် ဆက်လက်ကြိုးပမ်းနေပြီး အက်သလက်တစ်ကလပ်အသင်းက လာရိုဆလာဒါကွင်းသို့ လာရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဗလင်စီယာအသင်းသည် ယခင်သီတင်းပတ်ကုန်က ရာယိုဗယ်လီကာနိုအသင်းကို အဝေးကွင်း၌ အနိုင်ရရှိခဲ့ပြီးနောက် အိုဆာဆူနာအသင်းကို အိမ်ကွင်း၌လက်ခံကစားရမည်ဖြစ်သည်။ ဗလင်စီယာနည်းပြ ဟာဗီယာအဂွီရီသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အိုဆာဆူနာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။
နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း Balaidos ကွင်းတွင် ဆဲလ်တာဗီဂိုအသင်းက ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး အဆင့် ၅ နေရာမှ ရီးရဲလ်ဆိုစီဒက်အသင်းနှင့် အဆင့် ၆ နေရာမှ ဆီဗီလာအသင်းတို့လည်း ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။ ရီးရဲလ်ဆိုစီဒက်အသင်းတွင် ညာနောက်ခံလူ ဂျွန်အာရမ်ဘူရူနှင့် တံကောက်ကြောခွဲစိတ်ကုသမှုခံယူပြီးနောက် လအတော်ကြာအနားယူရမည့် တောင်ပံကစားသမား အန်ဒါ ဘာရီနက်ဆီယာတို့ ပါဝင်နိုင်မည်မဟုတ်ပေ။
ယခုတစ်ပတ်ပွဲစဉ်များကို နိုဝင်ဘာ ၃၀ ရက်တွင် တန်းဆင်းဇုန်အောက်ဆုံးသုံးသင်းစာရင်းမှ လွတ်မြောက်ရန် သရေတစ်မှတ်လိုအပ်နေသည့်ဂီတာဖေးအသင်းက အက်စ်ပန်ညိုအသင်း၏ အိမ်ကွင်းသို့ သွားရောက်ကစားမည့်ပွဲဖြင့် အဆုံးသတ်မည်ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က ဘီလ်ဘာအိုတွင် နိုင်ပွဲဖြင့် စတင်နိုင်ခဲ့သည့် အက်စ်ပန်ညိုနည်းပြ အီဒါဆာရာဘီယာ အတွက်မူယခုပွဲသည် အိမ်ကွင်း၌ ပထမဆုံးတာဝန်ယူကိုင်တွယ်ရမည့်ပွဲစဉ်ဖြစ်သည်။(Xinhua)
…………….
(English Version)
Barcelona and Atletico Madrid both away from home ahead of Camp Nou clash next week
MADRID, Nov. 26 (Xinhua) -- La Liga leader FC Barcelona visits Deportivo La Coruna on Sunday, a day after Atletico Madrid has the chance to cut the gap at the top to two points with a win at Elche.
Barcelona conceded twice in the opening seven minutes against Villarreal last weekend before rallying to win 3-2. Hansi Flick's side followed that with a comfortable Champions League win away to Sabah FK in Baku on Wednesday.
Deportivo is likely to include midfielder Marc Casado, who joined the club on a season-long loan from Barcelona in the summer.
Atletico visits second-bottom Elche on Saturday evening, with Diego Simeone seeking his 346th league win in charge of the club. Atletico beat Viking FK 2-0 in the Champions League on Wednesday and visits Barcelona at Camp Nou next Wednesday.
Real Madrid hosts Deportivo Alaves, which beat Deportivo La Coruna 2-1 last weekend and will look to striker Lucas Boye to lead its attack.
The round opens on Friday night when Levante hosts Racing Santander. Levante sits 15th but is level on points with Getafe, which occupies the final relegation place. Defender Manu Sanchez will miss the rest of the season with a knee injury.
Racing beat Real Sociedad last weekend, with striker Yassir Zabiri scoring his 10th and 11th league goals of the season.
Real Betis hosts Rayo Vallecano, which needs points to pull away from the relegation zone. Cucho Hernandez scored both goals in Betis' 2-0 Champions League win away to Slovan Bratislava on Tuesday.
Malaga is still seeking its first league win of the season as Athletic Club visits La Rosaleda.
Valencia hosts Osasuna after winning away to Rayo Vallecano last weekend. Valencia coach Javier Aguirre was in charge of Osasuna from 2002 to 2006.
Celta Vigo hosts Villarreal at Balaidos on Sunday evening, while fifth-placed Real Sociedad faces sixth-placed Sevilla. Real Sociedad will be without right back Jon Aramburu and winger Ander Barrenetxea, who is expected to miss several months after hamstring surgery.
The round concludes on Monday when Getafe visits Espanyol, needing a point to climb out of the bottom three. Eder Sarabia takes charge of his first home match as Espanyol coach after opening with a win in Bilbao last week.
Photo caption: Barcelona's Fermin Lopez (bottom) vies with Valencia's Jesus Vazquez during the Spanish La Liga football match between Valencia CF and FC Barcelona in Valencia, Spain, Sept. 6, 2026. (Str/Xinhua)