
#World_News
Published 27 November 2026
■ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ AI ဒေတာစင်တာ ကြီးတွေမှာ အသုံးပြုဖို့ Memory Chip တွေကို အလုံးအရင်းနဲ့ ဝယ်ယူလာကြတာကြောင့် Memory Chip ဈေးနှုန်းတွေဟာ တစ်နှစ်အတွင်း ၁၀ ဆနီးပါးအထိ မြင့်တက်လာတယ်လို့ The Wall Street Journal ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
■ ဒီလို ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဖုန်းနဲ့ Laptop ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ လိုအပ်တဲ့ Chip တွေ ရရှိနိုင်ဖို့ အသည်းအသန် ကြိုးစားနေရပြီး တချို့ကုမ္ပဏီတွေဆိုရင် Chip ဝယ်ယူရေးအတွက် သီးသန့်အဖွဲ့တွေ ဖွဲ့စည်းပြီး ရှာဖွေနေရတဲ့အထိ အခြေအနေဖြစ်နေပါတယ်။
■ ဒီကိစ္စဟာ သာမန်ဝယ်ယူသူတွေအတွက်လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Memory Chip တွေဟာ စမတ်ဖုန်း၊ Laptop၊ ဂိမ်းစက်တွေအပြင် ကားတွေမှာပါ မရှိမဖြစ် အသုံးပြုနေရတာကြောင့်ပါ။ Chip ဈေးတက်လာရင် နောက်ဆက်တွဲအနေနဲ့ အဲဒီပစ္စည်းတွေပါ ဈေးနှုန်းမြင့်တက်လာနိုင်ပါတယ်။
■ အဓိကအကြောင်းရင်းကတော့ AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။AI ဒေတာစင်တာ ကြီးတွေ တည်ဆောက်နေတဲ့ နည်းပညာကုမ္ပဏီတွေဟာ DRAM နဲ့ NAND လို့ခေါ်တဲ့ Memory Chip အမျိုးအစားတွေကို အမြောက်အမြား ဝယ်ယူအသုံးပြုလာကြပါတယ်။
■ ဒီ Chip တွေဟာ AI Model တွေကို လည်ပတ်စေဖို့နဲ့ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
■ မ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေက AI ဒေတာစင်တာတွေကို အပြိုင်အဆိုင် တိုးချဲ့တည်ဆောက်လာကြတဲ့အတွက် ပုံမှန်လူသုံးအီလက်ထရွန်နစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် ရရှိနိုင်တဲ့ Memory Chip ပမာဏဟာ လျော့နည်းလာတာ ဖြစ်ပါတယ်။
■ ဒီလို Memory Chip ဈေးနှုန်းမြင့်တက်မှုနဲ့ ရှားပါးမှုတွေကြောင့် စမတ်ဖုန်း၊ Laptop နဲ့ အခြားအီလက်ထရွန်နစ်ပစ္စည်းတွေ ဝယ်ယူမယ့်သူတွေအတွက် ဈေးနှုန်းပိုမိုမြင့်တက်လာနိုင်ပါတယ်။
Source-Wion