
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်တွင် မြန်နှုန်းမြင့်ရထားလမ်း ၃ ခုကို နိုဝင်ဘာ ၂၇ ရက်၌ ဖွင့်လှစ်ခဲ့ရာ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသရှိ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်၏ စုစုပေါင်းအရှည် ကီလိုမီတာ ၈,၅၀၀ ကျော်အထိ တိုးချဲ့လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားလမ်းသစ် ၃ ခုသည် အဓိကရထားလမ်းမကြီးအသစ် စုစုပေါင်း ၃၆၄.၅ ကီလိုမီတာခန့် ထပ်မံတိုးလိုက်ခြင်းဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ကာ အဆိုပါရထားလမ်းများကြောင့် အဓိကမြို့ကြီးများအကြား မြန်ဆန်သော ရထားလမ်းခရီးစဉ်များ ပိုမိုဖန်တီးနိုင်မည်ဖြစ်ပြီး ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
တိုးချဲ့လိုက်သည့် ရထားလမ်းကွန်ရက်သည် တရုတ်နိုင်ငံ၏ စီးပွားရေးအတက်ကြွဆုံး ဒေသများအနက် တစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသတွင် ရှန်ဟိုင်းမြို့နှင့် ကျန်းဆူး၊ ကျဲ့ကျန်း၊ အန်းဟွေး စသည့်ပြည်နယ်များ ပါဝင်ပြီး ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ လေးပုံတစ်ပုံနီးပါးရှိကြောင်း သိရသည်။ (Xinhua)

……………………
(English Version)
High-speed rails in China's Yangtze River Delta top 8,500 km as three new lines open
BEIJING, Nov. 27 (Xinhua) -- Three high-speed railways opened in east China's Anhui Province on Friday, expanding the high-speed rail network in the Yangtze River Delta to more than 8,500 km.
The new lines, which add about 364.5 km of new mainline tracks with a design speed of 350 km per hour, will improve regional connectivity by creating multiple fast routes linking major cities.
The expanded network will serve one of China's most vibrant economic regions. The Yangtze River Delta, comprising Shanghai and the provinces of Jiangsu, Zhejiang and Anhui, accounted for nearly a quarter of the country's GDP in 2025.
Photo caption 1: An aerial drone photo taken on Nov. 23, 2024 shows a bullet train crossing the Qingpu grand bridge along a new high-speed rail line connecting Shanghai Municipality with the provinces of Jiangsu and Zhejiang in east China. (Xinhua/Fang Zhe)
Photo caption 2: An aerial drone photo taken in Suzhou, east China's Jiangsu Province on Nov. 23, 2024 shows a bullet train leaving the Suzhou South Railway Station under construction along new high-speed rail line connecting Shanghai Municipality with the provinces of Jiangsu and Zhejiang in east China. (Xinhua/Fang Zhe)