ပေါင်းတည် နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် စားအုန်းဆီတင်သွင်း ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့က နိုဝင်ဘာ ၂၅ရက်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဆီကုန်သည်အသင်း ဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးမှူး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် စားအုန်းဆီ ကိုယ်စားလှယ်အရောင်းဆိုင်များမှ စားအုန်းဆီထုတ်ယူမှု၊ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ လက်လီရောင်းချနေမှု၊ ဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ဈေးနှုန်းနှင့် အလေးချိန် မှန်ကန်စွာ ရောင်းချပေးမှု၊ မှန် ၆ မှန်ဖြင့် ပြန်လည်ရောင်းချ ပေးနေမှု ၊ သတ်မှတ်ဈေးနှုန်းဗီနိုင်းများ ချိတ်ဆွဲရောင်းချနေမှုများရှိ မရှိကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)