
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ကား/ဆိုင်ကယ် အငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုထံမှ အမျိုးသားတစ်ဦး ကားငှားသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘဲ ကားရော လူပါ ပျောက်ဆုံးနေသည်ဟု သိရသည်။
ကလောမြို့ရှိ ဇင်ကို ကား/ဆိုင်ကယ် အငှားဝန်ဆောင်မှုလုပ်ငန်းထံမှ သီဟမောင် ဆိုသူ အမျိုးသားက နိုဝင်ဘာလ ၂၅ ရက်တွင် ၁ ရက် ၂ သိန်းကျပ်နှုန်းဖြင့် ကားတစ်စီး ငှားရမ်းသွားပြီးနောက် လာရောက်အပ်နှံခြင်း မရှိသေးဘဲ နိုဝင်ဘာ ၂၆ ရက်၊ ညနေပိုင်းမှ စတင် အဆက်အသွယ်ပြတ်ကာ ကားရော လူပါ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“ပုံမှန်ဆိုရင် ကျွန်တော်က ကိုယ်တိုင်မောင်းပို့ပေးတာပါ။ သူက ကိုယ်တိုင်မောင်းချင်တယ်ပြောပြီး ယုံအောင်ပြောတော့ ခွင့်ပြုပေးလိုက်တာပါ။ ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်” ဟု ကားအငှားဝန်ဆောင်မှုပေးခဲ့သူကိုဇင်ကိုက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလောမြို့မရဲစခန်း တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာတွင် လာရောက်အမှုဖွင့် တိုင်တန်းထားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်။
ထို့အတူ ကားငှားရမ်းသွားပြီးနောက် ပျောက်ဆုံးနေသူ ကိုသီဟမောင်အား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်း နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။