Xinhua Myanmar

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၈ လအတွင်း အရေးကြီးကုန်စည်များ တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံကျော် ရောင်းချပေး

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာတွင် အမေရိကန်ဒေါ်လာများ ရေတွက်နေသူတစ်ဦးကို ၂၀၁၈ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) အနေဖြင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် ဧပြီလမှ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁.၈၃၃ ဘီလီယံခန့် ရောင်းချပေးခဲ့ကြောင်း CBM က နိုဝင်ဘာ ၂၅ ရက်၌ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

ဗဟိုဘဏ်က ဧပြီလမှ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကျော် ရောင်းချခဲ့သည်။ နိုဝင်ဘာလတွင်မူ ဗဟိုဘဏ်က Market Trading Rate ကျပ် ၃,၆၆၀ ဖြင့် အမေရိကန်ဒေါ်လာ ၁၃၀.၈ သန်းခန့် ရောင်းချပေးခဲ့ရာ ၈ လတာကာလအတွင်း အရေးကြီးကုန်စည်များ တင်သွင်းရေးအတွက် အမေရိကန်ဒေါ်လာ တိုက်ရိုက်ရောင်းချပေးခဲ့သည့် စုစု‌ပေါင်းပမာဏမှာ ၁.၈၃၃ ဘီလီယံခန့် ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗဟိုဘဏ်အနေဖြင့်  သွင်းကုန်တင်သွင်းသူ (Importer) များကို FX Market Online Trading Platform နှင့် နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေများ ရောင်းချပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

……………………

(English Version)

Myanmar's central bank sells over 1.83 bln USD for essential imports in 8 months

YANGON, Nov. 27 (Xinhua) -- The Central Bank of Myanmar (CBM) sold approximately 1.833 billion U.S. dollars from April to November this year to facilitate imports of fuel, edible oil, fertilizers and other goods, according to a statement issued by the CBM on Wednesday.

The central bank sold over 1.7 billion dollars between April and October. In November, the CBM sold about 130.8 million dollars at a market trading rate of 3,660 kyats per dollar, bringing the CBM's total direct dollar sales for essential imports during the eight-month period to approximately 1.833 billion dollars, it said.

The CBM sold foreign currencies to importers through the foreign exchange Market Online Trading Platform and authorized dealer banks, the statement said.  

Photo caption: A clerk counts U.S. dollar banknotes at a foreign currency exchange counter in Yangon, Myanmar, Aug. 16, 2018. (Xinhua/U Aung)

မူရင်းသတင်း — Xinhua Myanmar