Xinhua Myanmar

အယ်လ်ဇိုင်းမားရောဂါကို ဤနေရာမှစတင် သတိထားမိလာကြ

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဟယ်ရှီးခရိုင် ကွကျာစစ်လမ်း ဘိုးဘွားကန်တင်းတွင် သက်ကြီးဘိုးဘွားများ လက်မှုပညာသင်ယူနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝုဇ်ဘာ့ဂ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ် ဝုဇ်ဘာ့ဂ်မြို့မှ တောင်ဘက် ကီလိုမီတာ ၂၀ ကျော် သွားရောက်လိုက်ပါက မိန်းမြစ်ကမ်းဘေးရှိ မာ့ခ်ဘရိုက်မြို့နယ်လေးသို့ ရောက်ရှိမည် ဖြစ်သည်။ ၁၈၆၄ ခုနှစ် ဇွန် ၁၄ ရက်တွင် ဂျာမန်လူမျိုး နာမည်ကျော် စိတ်ရောဂါကု ဆရာဝန်နှင့် အာရုံကြော ရောဂါဗေဒ ပညာရှင် အလွိုက်စ် အယ်လ်ဇိုင်းမားသည် ဤမြို့ငယ်လေးရှိ ထပ်ခိုးပါသော နှစ်ထပ်အိမ်လေး၌ မွေးဖွားခဲ့သည်။ ယနေ့အခါတွင် ထိုနေရာသည် ၎င်း၏ မွေးရပ်နေအိမ် အထိမ်းအမှတ် ပြတိုက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဆောင်းဦးကာလ ဖြာကျနေသော နေရောင်ခြည်က အိမ်ငယ်လေးအပေါ်သို့ နွေးထွေးသော အလင်းတန်းတစ်ခု ဖြန့်ကြက်ထားပြီး အရွက်အကိုင်း ဝေဆာနေသော နွယ်ပင်စိမ်းများက ကမ္ပည်းပြားအကြီးနှင့် အသေး နှစ်ချပ်ကို ရစ်နွယ်ထားသည်။ ယင်းကမ္ပည်းပြားများပေါ်တွင် အယ်လ်ဇိုင်းမား၏ မွေးရပ်ဇာတိနှင့် မွေးသက္ကရာဇ်၊ ကွယ်လွန်သည့် နေ့စွဲ စသည့် စာတန်းများကို ရေးထိုးထားသည်။

ပထမထပ်ရှိ တစ်ခုတည်းသော အခန်းကျယ်ကြီးကို ဧည့်ခန်းပုံစံ ပြင်ဆင်ခင်းကျင်းထားပြီး နံရံပေါ်တွင် ကလေးဘဝနှင့် အရွယ်ရောက်ပြီးချိန် အယ်လ်ဇိုင်းမားအပြင် ၎င်း၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဓာတ်ခွဲခန်းနှင့် လူနာများ၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။ နံရံနှင့်ကပ်လျက်ရှိသည့် စားပွဲကျဉ်းကျဉ်းလေး တစ်လုံးပေါ်တွင်မူ စမ်းသပ်ခန်းသုံး ပစ္စည်းကိရိယာများနှင့် ဦးနှောက်တစ်ရှူး အလွှာပါး တစ်ခုကို ခင်းကျင်းပြသထားသည်။

အဖြူအမည်း ဓာတ်ပုံကြီး တစ်ပုံထဲတွင် လက်နှစ်ဖက်ကို ယှက်ထားပြီး နဖူးပြင်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက မျက်လွှာချလျက် ငိုင်တိုင်တိုင်ငေးမောနေသည့်ပုံကို တွေ့ရသည်။ 

၎င်း၏ အမည်မှာ အော်ဂတ်စ်တီ ဒီတာ ဖြစ်ပြီး ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်သည်။ ၁၉၀၁ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရှိ ဆေးရုံတစ်ရုံ၌ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော အယ်လ်ဇိုင်းမားသည် ဒီတာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ထိုစဉ်က အသက် ၅၁ နှစ်အရွယ် ရှိပြီဖြစ်သော ၎င်းသည် အကူအညီကင်းမဲ့နေပုံရပြီး လက်ရှိ အသက်ထက် များစွာ ပို၍ အိုမင်းရင့်ရော်နေပုံ ပေါက်နေသည်။ မေးခွန်းများ မေးမြန်းသည့်အခါ ၎င်းသည် မိမိကိုယ်တိုင်နှင့် ခင်ပွန်းဖြစ်သူ၏ အမည်များကိုပင် တိတိကျကျ၊ သေသေချာချာ ပြောပြနိုင်ရန် ခက်ခဲနေခဲ့သည်။

ဤလူနာသည် ဘာသာစကားပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သည့် လက္ခဏာမျိုးစုံ ပြသခဲ့ရာ အယ်လ်ဇိုင်းမား၏ အထူးအာရုံစိုက်မှုနှင့် ဆက်လက်သုတေသနပြုလိုစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဒီတာ ကွယ်လွန်ခဲ့သည်။ အယ်လ်ဇိုင်းမားသည် ၎င်း၏ ဦးနှောက်တစ်ရှူးကို အဏုကြည့်မှန်ပြောင်းဖြင့် လေ့လာကြည့်ရှုခဲ့ရာ ဦးနှောက်ဆဲလ်များအကြား အမိုင်လွိုက် အနည်အနှစ်အကွက်များ တည်ရှိနေသည်ကို တွေ့ရှိခဲ့သည်။

“အဲဒီတုန်းက အဏုကြည့်မှန်ပြောင်းကနေတစ်ဆင့် မြင်တွေ့ရတဲ့ အရာတွေကို ဓာတ်ပုံရိုက်ယူဖို့ သူ့မှာ ကင်မရာ မရှိခဲ့ဘူး၊ ဒါကြောင့် အဲဒါတွေကို ပုံဆွဲမှတ်တမ်းတင်ခဲ့ပါတယ်” ဟု ဧည့်လမ်းညွှန် အူလ်ရစ်ခ်ျ ချင့်ခ် က ရှင်းပြပြောကြားခဲ့သည်။

အယ်လ်ဇိုင်းမားသည် ဒီတာ၏ ရောဂါဖြစ်စဉ်တစ်ခုလုံးကို ရေရှည်စောင့်ကြည့်လေ့လာခြင်းနှင့် ၎င်း၏ ဦးနှောက်တစ်ရှူးအပေါ် ရောဂါဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် လူနာသက်ရှိထင်ရှားရှိစဉ်က ပုံမှန်မဟုတ်သည့် ရောဂါဖြစ်စဉ်တစ်လျှောက်လက္ခဏာများနှင့် ဦးနှောက်အတွင်း ရောဂါဗေဒဆိုင်ရာ ပြောင်းလဲမှုများကို ပထမဆုံးအကြိမ် ချိတ်ဆက်ပေးနိုင်ခဲ့သည်။ ယင်းကြောင့် ဒီတာသည် ဆေးပညာသမိုင်းတွင် အသေးစိတ် သုတေသနပြုခြင်း ခံခဲ့ရပြီး အတော်အတန် ပြည့်စုံသော ရောဂါဖြစ်စဉ်နှင့် ရောဂါဗေဒဆိုင်ရာ မှတ်တမ်းများ ကျန်ရစ်ခဲ့သည့် ပထမဆုံးသော အယ်လ်ဇိုင်းမားရောဂါ နမူနာလူနာ ဖြစ်လာခဲ့သည်။

အယ်လ်ဇိုင်းမား၏ ထူးချွန်ပြောင်မြောက်သော အကျိုးပြုဆောင်ရွက်ချက်များကို ဂုဏ်ပြုသည့်အနေနှင့် ဂျာမန်လူမျိုး နာမည်ကျော် စိတ်ရောဂါကု ဆရာဝန်နှင့် ခေတ်သစ်စိတ်ရောဂါဗေဒ၏ အုတ်မြစ်ချသူတစ်ဦးဖြစ်သည့် အီမီလ် ခရေပယ်လင် က ဤရောဂါကို အယ်လ်ဇိုင်းမားရောဂါဟု အမည်ပေးရန် အဆိုပြုခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားပြုစုခဲ့သည့် စိတ်ပညာပြဋ္ဌာန်းစာအုပ်တွင်လည်း ထည့်သွင်းရေးသားခဲ့သည်။

အယ်လ်ဇိုင်းမားက စီစဉ်ရိုက်ကူးထားခဲ့သည့် ဒီတာ၏ ဓာတ်ပုံသည် နှစ်ပေါင်း ၁၀၀ ကြာပြီးနောက်တွင် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။

အယ်လ်ဇိုင်းမားရောဂါသည် ဗဟိုအာရုံကြောစနစ် ယိုယွင်းပျက်စီးမှု ရောဂါတစ်မျိုးဖြစ်ပြီး အဖြစ်အများဆုံး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ အမျိုးအစားလည်း ဖြစ်သည်။ လူနာ၏ ဦးနှောက်အတွင်း အမိုင်လွိုက်ပရိုတင်းများ ပုံမှန်မဟုတ်ဘဲ စုပုံလာကာ ဦးနှောက်ဆဲလ်များ ပျက်စီးပြီး မှတ်ဉာဏ်ကျဆင်းလာတတ်ရာ လက်ရှိအချိန်အထိ ထိရောက်သော ကုထုံး မရှိသေးပေ။ 

အယ်လ်ဇိုင်းမား၏ ဆေးပညာဆိုင်ရာ တွေ့ရှိချက်မှာ သမိုင်းဝင် ဖြစ်ခဲ့သော်လည်း နှစ်ပေါင်း ၁၂၀ ခန့်က ညီလာခံတစ်ခုတွင် ဒီတာ၏ ရောဂါမှတ်တမ်းကို အယ်လ်ဇိုင်းမားက ပထမဆုံးအကြိမ် တင်ပြခဲ့စဉ်က ပရိသတ်များ၏ တုံ့ပြန်မှုမှာ ၎င်းထင်မှတ်မထားသည့် အခြေအနေ ဖြစ်ခဲ့သည်။ မှတ်တမ်းများအရ ဤအရေးပါသော ဆေးပညာညီလာခံတွင် အယ်လ်ဇိုင်းမားက အာရုံကြောအမျှင် ရှုပ်ထွေးမှုများ၊ အမိုင်လွိုက် အနည်အနှစ်အကွက်များနှင့် ဂလိုင်ယာဆဲလ် နမူနာများကို ပြသခဲ့သော်လည်း ခန်းမအတွင်းရှိ ပရိသတ်များထဲမှ တစ်ဦးတစ်ယောက်မျှ မေးခွန်းမထုတ်ခဲ့ကြသလို ညီလာခံသဘာပတိကလည်း ဤရောဂါနမူနာကို ဆွေးနွေးရန် မလိုအပ်ဟု ယူဆခဲ့သည်။ 

အယ်လ်ဇိုင်းမားရောဂါအပေါ် လူအများ၏ သိရှိနားလည်မှုမှာ ကာလကြာရှည်သော အချိန်တစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ချင့်ခ်၏ အမြင်အရ ၁၉၉၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် အမေရိကန် သမ္မတဟောင်း ရေဂင်က အိတ်ဖွင့်ပေးစာ ထုတ်ပြန်၍ ၎င်းတွင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ကြေညာခဲ့ခြင်းမှာ ဤရောဂါအပေါ် အများပြည်သူ၏ သိမြင်နားလည်မှုကို မြှင့်တင်ပေးခဲ့သည့် အရေးပါသော သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်သည်။

“အဲဒီနောက်ပိုင်းမှာတော့ လူအများအပြားဟာ သူတို့မှာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတယ်ဆိုတာကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ အယ်လ်ဇိုင်းမားရောဂါ ဝေဒနာရှင် သန်း ၃၀ ခန့် ရှိနေပြီး သက်ကြီးရွယ်အို လူဦးရေ တဖြည်းဖြည်း တိုးပွားလာသည်နှင့်အမျှ အယ်လ်ဇိုင်းမားရောဂါသည်လည်း ပြည်သူ့ကျန်းမာရေး နယ်ပယ်၏ ပြင်းထန်သော စိန်ခေါ်မှုများအနက် တစ်ခု ဖြစ်လာလျက်ရှိသည်။ ဂျာမနီ အယ်လ်ဇိုင်းမားရောဂါ အသင်း၏ နောက်ဆုံး တွက်ချက်မှုများအရ ဂျာမနီနိုင်ငံတွင် လက်ရှိ မှတ်ဉာဏ်ချို့ယွင်းသည့် ရောဂါဝေဒနာရှင် ၁.၇၈ သန်းခန့် ရှိနေပြီး ၎င်းတို့အနက် အများစုမှာ အယ်လ်ဇိုင်းမားရောဂါ ဝေဒနာရှင်များ ဖြစ်ကြကြောင်း သိရသည်။

“ဆရာဝန်တွေနဲ့ သုတေသီ အများအပြားဟာ အယ်လ်ဇိုင်းမားရဲ့ ဘဝဖြစ်စဉ်ကို လေ့လာဖို့ ဒီနေရာကို လာရောက်ကြပါတယ်။ ကမ္ဘာတစ်ဝန်း နေရာအနှံ့အပြားမှာလည်း ဒီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မယ့် ဒါမှမဟုတ် ရောဂါဖြစ်ပွားမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ သုတေသနတွေ လုပ်ဆောင်နေကြပါတယ်။ ဒါတွေ မကြာခင် အကောင်အထည် ပေါ်လာဖို့ မျှော်လင့်ပါတယ်” ဟု ချင့်ခ်က ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

记者手记|阿尔茨海默病从这里被“看见”

新华社德国维尔茨堡11月27日电 记者手记|阿尔茨海默病从这里被“看见”   新华社记者黄燕   

从德国巴伐利亚州的维尔茨堡市往南20多公里,就到了美因河畔的小镇马克特布赖特。1864年6月14日,德国著名精神病学家和神经病理学家阿洛伊斯·阿尔茨海默出生在这里一栋两层带阁楼的民居里。如今这里成为他的故居纪念馆。   

初冬的斜阳给小楼洒了一道暖光,枝叶繁茂的常青藤环绕着一大一小两块铭牌,上面写着阿尔茨海默的出生地及生卒日期等字样。   

一楼仅有的一个大房间,摆设成了客厅的样子,墙上挂着童年和成年阿尔茨海默及其家人、工作伙伴、实验室和患者的照片。一张靠墙的窄桌上摆放着实验器材及一片脑组织切片。   

在一张大幅黑白照片上,一名中年女子双手交叉,额头布满皱纹,目光低垂,神情木然。   

她叫奥古斯特·德特尔,是一名患者。1901年,在德国法兰克福一家医院当医生的阿尔茨海默第一次见到德特尔。时年51岁的她看上去一脸无助,比实际年龄苍老得多。面对提问,她难以准确、肯定地说出自己和丈夫的名字。   

这名患者表现出多种语言和行为异常,引起阿尔茨海默的高度关注和持续研究兴趣。1906年,德特尔病故。阿尔茨海默在显微镜下观察其脑组织时,发现脑细胞之间存在一些淀粉样斑块。   

“当时,他没有相机来拍摄这些通过显微镜看到的东西,于是就把它们画了下来。”导游乌尔丽克·青克介绍说。   

阿尔茨海默通过长期追踪德特尔的临床病程,及对其脑组织进行病理学分析,首次将其生前的异常临床表现与脑部病理变化联系起来。德特尔由此成为医学史上首个得到详细研究、并留下较完整的临床与病理学记录的阿尔茨海默病标志性病例。   

为了纪念阿尔茨海默的杰出贡献,德国著名精神病学家、现代精神病学的重要奠基人之一埃米尔·克雷珀林提议将这一疾病命名为阿尔茨海默病,并写进自己撰写的精神病学教科书中。   

而这张由阿尔茨海默安排拍摄的德特尔照片,100年后传遍了世界。   

阿尔茨海默病是一种中枢神经系统退行性疾病,也是最常见的痴呆症类型。患者大脑中出现淀粉样蛋白异常堆积,脑细胞受损,记忆力下降,目前尚无有效疗法。   

阿尔茨海默的医学发现是历史性的,但在120年前,当阿尔茨海默首次在一个大会上报告德特尔的病历时,听众的反应却出乎他的预料。据记载,在这次重要的医学会议上,阿尔茨海默展示了神经纤维缠结、淀粉样斑块和活性神经胶质细胞的样本,现场听众却无一人提问,会议主席则认为不需要讨论这个病例了。   

人们对阿尔茨海默病的认识和了解经历了一个漫长的过程。在青克看来,1994年11月5日,美国前总统里根发表公开信,宣布自己被确诊为阿尔茨海默病,是一个提高公众对该病认识的重要历史事件。   

“从那以后,很多人开始公开表示自己患有阿尔茨海默病。”她说。   

当前,全球阿尔茨海默病患者约有3000万,随着人口不断老龄化,阿尔茨海默病正在成为公共卫生领域的严峻挑战之一。据德国阿尔茨海默病协会的最新测算,德国现有约178万痴呆症患者,其中大多数为阿尔茨海默病患者。   

“很多医生和研究人员来到这里了解阿尔茨海默的生平。世界各地都在开展研究,试图找到治愈或阻止这种疾病发生的方法。希望这能很快实现。”青克说。(完)

图说:11月24日,在天津市河西区挂甲寺街道老人家食堂,老人们学习手工制作。新华社记者 赵子硕 摄

မူရင်းသတင်း — Xinhua Myanmar