Xinhua Myanmar

(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) ဈေးကွက်ဖြန့်ကြက်ချဲ့ထွင်မှုနှင့် ထုတ်ကုန်အဆင့်မြှင့်တင်မှုဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုက စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျီနင်မြို့ရှိ ယွဲ့ကျင့်ဆိပ်ကမ်းသို့ ခုတ်မောင်းလာသည့် ကုန်တင်သင်္ဘောများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ဝေဟင်မှရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ထွန်းသစ်စဈေးကွက်များနှင့် မိတ်ဖက်ဆက်ဆံရေး တိုးချဲ့ခြင်း၊ ပိုမိုတန်ဖိုးမြင့်၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များအဖြစ် သိသိသာသာ အဆင့်မြှင့်တင်ခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် စနစ်တကျ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းဆောင်ရွက်ခြင်းတို့ဖြင့် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အခင်းအကျင်း၌ ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများ ဖြန့်ကြက်တိုးချဲ့မှုက သမားရိုးကျ ဈေးကွက်အချို့တွင် ဝယ်လိုအား နှေးကွေးလာခြင်းနှင့် ကုန်သွယ်ရေးအတားအဆီးများ မြင့်တက်လာခြင်းတို့ကို ခုသာခံသာရှိစေသည့် အလွန်အရေးပါသော အကာအကွယ်တစ်ခု ဖြစ်စေသည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် လက်အောက်ရှိ သုတေသနစင်တာမှ သုတေသီ ကျန်းယန့်က ပြောကြားခဲ့သည်။  

၂၀၂၆ ခုနှစ် ပထမကိုးလတာအတွင်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ယွမ် ၂၀.၃၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တရုတ်နိုင်ငံ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၅၁ ရာခိုင်နှုန်းအထိ ရှိနေသည်။

"ထွန်းသစ်စဈေးကွက်တွေဆီ ချဲ့ထွင်ခြင်းဟာ ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထိရောက်စွာ ဖြန့်ခွဲလျှော့ချပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုအားကောင်းစေခဲ့တယ်" ဟု ကျန်းက ပြောကြားခဲ့သည်။

ကုန်သွယ်မှုကဏ္ဍ ဖွဲ့စည်းပုံသည်လည်း ဈေးကွက်ထိုးဖောက်နိုင်မှုထက် ကျော်လွန်၍ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိသည်။ တရုတ်နိုင်ငံသည် အဓိက ကုန်ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည့် တစ်ချိန်တည်းတွင် တန်ဖိုးကွင်းဆက်ကိုလည်း အရည်အသွေးမြှင့်တင်လျက်ရှိရာ မိတ်ဖက်နိုင်ငံများ၏ စက်မှုအသွင်ပြောင်းမှုကို ပံ့ပိုးပေးသည့် အစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်းများကိုပါ ဖြည့်ဆည်းရောင်းချပေးသူ ဖြစ်လာခဲ့သည်။ လက်ရှိတွင် တစ်ဝက်တစ်ပျက် ကုန်ချောပစ္စည်းများသည် တရုတ်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ထက်ဝက်ကျော်ရှိနေကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပိုမိုခေတ်မီဆန်းသစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များဆီသို့လည်း တည်ငြိမ်စွာ ဦးတည်လျက်ရှိသည်။ ယခုနှစ် ပထမ ၁၀ လတာအတွင်း စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းတင်ပို့မှုသည် ယွမ် ၁၆.၈၁ ထရီလီယံအထိ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ စုစုပေါင်း ကုန်စည်တင်ပို့မှု၏ ၆၄.၇ ရာခိုင်နှုန်း ရှိခဲ့သည့်အပြင် ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံး၏ ပမာဏကိုပင် ကျော်လွန်သွားပြီဖြစ်သည်။

ဇန်နဝါရီလမှ အောက်တိုဘာလအထိ integrated circuits တင်ပို့မှုမှာ ၁၀၁.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို သရီးဒီပရင်တာ တင်ပို့မှုမှာလည်း ၁၀၄.၈ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့်တက်ခဲ့ခြင်းနှင့်အတူ နည်းပညာမြင့် ထုတ်ကုန်များသည် ပို့ကုန်တိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်လာခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261126/af93caac09b74216818bceec4ac56ffa/c.html

..................................

(English Version)

(China Economic Roundtable) China's foreign trade weathers headwinds via market diversification, product upgrading

BEIJING, Nov. 26 (Xinhua) -- China's foreign trade landscape is undergoing a structural shift this year, marked by expanding partnerships with emerging markets, a clear upgrade toward higher-value and greener products, and deeper institutional integration with trading partners.

In the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, Zhang Yan, a researcher at a research center under the National Development and Reform Commission, said China's diversification of trade partners has provided a crucial buffer against slowing demand in some traditional markets and rising trade barriers.

In the first three quarters of 2026, China's trade with Belt and Road countries hit 20.37 trillion yuan (about 3 trillion U.S. dollars), up 17.1 percent year on year, and represented 51 percent of the country's total foreign trade.

"This expansion into emerging markets has effectively dispersed risk and strengthened the resilience of China's external trade," Zhang said.

Beyond market reach, the composition of trade is also improving. While China remains a manufacturing powerhouse, it is moving up the value chain, becoming a supplier of both components and materials that support industrialization across partner economies. Intermediate goods now account for more than half of China's total export value.

China's foreign trade is also steadily moving toward smarter, greener products. In the first 10 months of the year, exports of mechanical and electrical products reached 16.81 trillion yuan, a year-on-year increase of 25.2 percent, accounting for 64.7 percent of total goods exports and already exceeding the full-year total for 2025.

High-tech products have become a key engine of export growth, with integrated circuit exports soaring 101.9 percent and exports of 3D printers surging 104.8 percent during the January-October period.

https://english.news.cn/20261126/af93caac09b74216818bceec4ac56ffa/c.html

Photo caption: An aerial drone photo taken on Nov. 26, 2026 shows cargo vessels driving into the Yuejin Port in Jining, east China's Shandong Province. (Xinhua/Guo Xulei)

မူရင်းသတင်း — Xinhua Myanmar