Xinhua Myanmar

တရုတ်နှင့် တူကီယဲ အစားအစာများက အစ္စတန်ဘူလ်မြို့ရှိ ကျောင်းသားများကို အရသာချင်း အတူတကွမျှဝေခံစားရန် ဆောင်ကြဉ်းပေး

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဘော့စဖရပ်စ် ရေလက်ကြား၏ ရှုခင်းကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အစ္စတန်ဘူလ် Okan တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများသည် နိုဝင်ဘာ ၂၆ ရက်က တရုတ်နှင့် တူကီယဲတို့၏ အစားအစာ ဓလေ့ထုံးစံများကို လေ့လာစူးစမ်းခဲ့ကြပြီး နိုင်ငံနှစ်ခု၏ အစားအစာများအကြား တူညီမှုများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

တရုတ်နှင့် တူကီယဲနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၅၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ယခုနှစ်တွင် ကျင်းပလျက်ရှိရာ ဤပွဲသည် တရုတ်-တူကီယဲ အစားအစာဆိုင်ရာ စုဝေးပွဲအဖြစ် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၎င်းကို အဆိုပါတက္ကသိုလ်ရှိ ကွန်ဖြူးရှပ် အင်စတီကျုက တရုတ်ဘာသာပြန်နှင့် စကားပြန်ဌာန၊ အစားအစာနှင့် ချက်ပြုတ်ပညာဌာနတို့နှင့် ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။  

ကျောင်းသားအချို့အတွက်မူ ဤပွဲက တရုတ်အစားအစာကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ခွင့် ရရှိစေခဲ့သည်။

တရုတ်ဘာသာပြန်နှင့် စကားပြန်ဌာနမှ ကျောင်းသူ Zeynep Nehir Turkyucel က လူကြိုက်များသော တရုတ်ဟင်းလျာတစ်မျိုးဖြစ်သည့် ကြက်သားကုန်ဘောင်ကြီးကျော်ကို မြည်းစမ်းကြည့်ပြီးနောက် "တူကီယဲ မှာ ဒီလိုအရသာမျိုး မရှိတဲ့အတွက် အစကတော့ အရသာကောင်းမယ် မထင်ခဲ့ပါဘူး။ ဒါပေမဲ့ တကယ်ကို ကြိုက်နှစ်သက်မိပါတယ်" ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ဖူးသည့် တူကီယဲကျောင်းသားများကလည်း နိုင်ငံနှစ်ခု၏ အစားအစာ ဓလေ့ထုံးစံများကို နှိုင်းယှဉ်တင်ပြခဲ့ကြသည်။ ၎င်းတို့က တရုတ်နိုင်ငံ၏ ကျောင်ကျီးခေါ် ဖက်ထုပ်များနှင့် တူကီယဲနိုင်ငံ၏ မန်တီ တို့အကြား တူညီမှုများ၊ ထို့အတူ တရုတ်နိုင်ငံ၏ ခရမ်းချဉ်သီးနှင့် ကြက်ဥ ကြော်ဟင်းလျာနှင့် တူကီယဲနိုင်ငံတွင် လူကြိုက်များသော မန်နီမန် ဟင်းလျာတို့အကြား တူညီမှုများကို ထောက်ပြဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံသို့ နှစ်ကြိမ်တိုင် သွားရောက်လည်ပတ်ဖူးသည့် တူကီယဲကျောင်းသူ Ezgi Ilke ကလည်း ၎င်းခရီးစဉ်များအတွင်း ပီကင်းဘဲကင်၊ ကျောင်ကျီးနှင့် ကြက်သားအစပ်ဟင်းတို့ကို အလွန်နှစ်သက် သဘောကျလာခဲ့ကြောင်း ပြောကြားခဲ့သည်။

ကျောင်းသားအချို့သည် ၎င်းတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများကိုပါ ခေါ်ဆောင်လာခဲ့ပြီး၊ အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်ထားသော တူကီယဲရိုးရာအစားအစာများကို တရုတ်ဆရာ၊ ဆရာမများနှင့်အတူ မျှဝေစားသုံးခဲ့ကြရာ ယင်းက ယဉ်ကျေးမှုဖလှယ်ခြင်းဆိုင်ရာ အငွေ့အသက်ကို ပိုမိုတိုးပွားစေခဲ့သည်။

တက္ကသိုလ်ရှိ ကွန်ဖူးရှပ်အင်စတီကျုမှ တရုတ်ဘာသာစကား ဒါရိုက်တာ ဟူဝေ က နှစ်စဉ်ကျင်းပမြဲဖြစ်သော ထိုစုဝေးပွဲသည် ကျောင်းသားများအနေဖြင့် အစားအစာများမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ကြောင်း၊ ထို့အပြင် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန် သင်ယူလေ့လာခြင်းတို့ကိုလည်း အားပေးမြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………

(English version)

Chinese, Turkish cuisines bring Istanbul students together over shared flavors

ISTANBUL, Nov. 26 (Xinhua) -- Students at Istanbul Okan University explored Chinese and Turkish culinary traditions on Thursday, discovering similarities between the two countries' cuisines.

The event, held as China and Türkiye mark the 55th anniversary of diplomatic relations this year, was the third edition of the China-Türkiye culinary gathering, organized by the university's Confucius Institute in cooperation with its Department of Chinese Translation and Interpreting and Department of Gastronomy and Culinary Arts.

For some students, the event offered an opportunity to sample Chinese cuisine for the first time.

"I first thought it wouldn't taste good because in Türkiye we don't really have a taste like that. But I really liked it," said Zeynep Nehir Turkyucel, a student of Chinese Translation and Interpreting, after trying Kung Pao chicken, a popular Chinese dish.

Turkish students who had visited China also gave presentations comparing the two countries' culinary traditions, highlighting similarities between Chinese jiaozi dumplings and Turkish manti, as well as between Chinese stir-fried tomato and egg and Türkiye's popular menemen.

Ezgi Ilke, a Turkish student who has visited China twice, said she had developed a fondness for Peking duck, jiaozi and spicy chicken during her trips.

Some students also brought family members and friends to share homemade Turkish dishes with their Chinese teachers, adding to the spirit of cultural exchange.

Hu Wei, Chinese director of the university's Confucius Institute, said the annual gathering aims to help students gain a deeper understanding of Chinese culture through food while encouraging cultural exchange and mutual learning. ■

Photo caption : Photo taken on July 26, 2022 shows the scenery of the Bosporus Strait in Istanbul, Türkiye. (Xinhua/Shadati)

မူရင်းသတင်း — Xinhua Myanmar