
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ၏ ကျား၊မ ကွာဟချက်ညွှန်းကိန်း (MGGI) ရမှတ်သည် ၂၀၂၄ ခုနှစ်တွင် ၀.၇၀၈ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၀.၇၁၁ အထိ တိုးတက်လာခဲ့ပြီး ကျား၊မ ကွာဟချက်၏ ၇၁.၁ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့ကြောင်း မလေးရှားစာရင်းအင်းဌာန (DOSM) က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့တိုးတက်လာမှုသည် စီးပွားရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်မှုနှင့် အခွင့်အလမ်းဆိုင်ရာအညွှန်းကိန်းခွဲ တိုးတက်လာခြင်းကြောင့်ဖြစ်ပြီး အဆိုပါ အညွှန်းကိန်းခွဲသည် ယမန်နှစ်အလားတူကာလတွင် ၀.၇၀၃ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၀.၇၂၈ အထိရှိခဲ့ပြီး ၀.၀၂၅ မှတ် မြင့်တက်လာခဲ့သည်ဟု DOSM ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသမီးများ၏ လုပ်သားအင်အားပါဝင်မှုနှုန်းကလည်း ၂၀၂၄ ခုနှစ်တွင် ၅၆.၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅၆.၆ ရာခိုင်နှုန်းအထိ အနည်းငယ် မြင့်တက်လာခဲ့သည်။
တစ်ပြိုင်တည်းမှာပင် အမျိုးသမီးများ၏ ပျမ်းမျှလစဉ်လစာနှင့် ဝင်ငွေပမာဏသည်လည်း ယမန်နှစ်က ရင်းဂစ် ၃,၄၉၉ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရင်းဂစ် ၃,၆၃၅ (အမေရိကန်ဒေါ်လာ ၈၈၃) အထိ တိုးမြင့်လာခဲ့သည်။
ဥပဒေပြုအမတ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နေသည့်အမျိုးသမီးအရေအတွက်အနေဖြင့်လည်း ၂၀၂၄ နှစ်က ၂၁၉,၀၀၀ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၄၁,၀၀၀ အထိ တိုးမြင့်လာခဲ့သည်။
အလားတူပင် ပရော်ဖက်ရှင်နယ်နှင့် နည်းပညာပိုင်းဆိုင်ရာအလုပ်အကိုင်များကို လုပ်ကိုင်နေသည့် အမျိုးသမီးအရေအတွက်သည်လည်း ၂၀၂၄ ခုနှစ်တွင် ၁.၇ သန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁.၈ သန်းအထိ တိုးမြင့်လာခဲ့သည်။ (Xinhau)
.......................................
(English version)
Malaysia's gender gap narrows as women's economic participation improves
KUALA LUMPUR, Nov. 26 (Xinhua)
Malaysia's overall Gender Gap Index (MGGI) score improved to 0.711 in 2025 from 0.708 in 2024, indicating that 71.1 percent of the gender gap has been narrowed, the Department of Statistics Malaysia (DOSM) said on Thursday.
The improvement was driven by the economic participation and opportunity subindex, which rose by 0.025 points to 0.728 in 2025 from 0.703 a year earlier, DOSM said in a statement.
Women's labor force participation rate edged up to 56.6 percent in 2025 from 56.5 percent in 2024.
Meanwhile, the mean monthly salaries and wages of women increased to 3,635 ringgit (883 U.S. dollars) in 2025 from 3,499 ringgit in the previous year.
The number of women employed as legislators, senior officials and managers also rose to 241,000 in 2025 from 219,000 a year earlier.
Similarly, the number of women in professional and technical occupations increased to 1.8 million in 2025 from 1.7 million in 2024. ■
Photo caption: Women wearing face masks take a ladies' coach at a bus station in Kuala Lumpur, Malaysia, March 7, 2022. (Photo by Chong Voon Chung/Xinhua)