
ဘာလင်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရင့်လိဂ်ပွဲစဉ်တွင် အချိန်ပိုအတွင်း ဖိုလာရင်ဘာလိုဂန်က အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းကြောင့် မိုနာကိုအသင်းအနေဖြင့် ဟာ့ထ်စ်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ပွဲစဉ် လေးပွဲကစားပြီးသည့်တိုင် စံချိန်ကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။
ဆာဘာကာဂျိုတာ ကန်တင်လိုက်သည့် အလွတ်တည်ကန်ဘောမှာ ဂိုးတိုင်ကိုထိပြီး ပြန်ထွက်လာသည့်အတွက် ဂျော်ဒီအယ်လ်တီနာက ပင်နယ်တီဧရိယာအပြင်ဘက်မှနေ၍ ဂိုးထဲသို့ ကန်သွင်းယူခဲ့ရာ ပွဲချိန် ၁၆ မိနစ်တွင် ဟာ့ထ်စ်အသင်းအနေဖြင့် ဦးဆောင်ဂိုး ရရှိခဲ့သည်။
ကိုးမိနစ်အကြာတွင် မိုနာကိုအသင်းက ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ မက်သစ်အက်ဘ်လင်းက ပင်နယ်တီဧရိယာအတွင်း ဂျေမီမက်ကာ့တ်၏ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့ရာ ဘာလိုဂန်က ပင်နယ်တီအမှတ်ပေးအမှတ်မှတစ်ဆင့် ဂိုးသွင်းယူပြီး သရေကျစေခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဟာ့ထ်စ်အသင်းက ၎င်းတို့၏ ဂိုးပေါက်အနီးတွင် ဘောလုံးဆုံးရှုံးခဲ့ရပြီး ဧည့်သည်အသင်းဖြစ်သည့် မိုနာကိုအသင်းက ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ ဘာလိုဂန်နှင့် အီဒင်ဒီယော့ပ်တို့ ပူးပေါင်းကစားရာမှတစ်ဆင့် ဒီယော့ပ်က ဂိုးသမားဘိုရော့စ်ကို ကျော်ဖြတ်ကာ ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် ပထမပိုင်း မပြီးဆုံးမီတွင်ပင် ကာဂျိုတာက ဘောလုံးကို ပင့်ကန်ချက်ဖြင့် ဂိုးပေါက်၏ ထောင့်အပေါ်ပိုင်းသို့ ပို့ဆောင်ကာ ဟာ့ထ်စ်အသင်းအတွက် ချေပဂိုး ပြန်လည်ရယူပေးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ဟာ့ထ်စ်အသင်းက ဆက်လက်၍ ဖိအားပေးကစားနိုင်ခဲ့သည်။ ဆာဘရီဂူအန်ဒို ကန်သွင်းလိုက်သည့် ဘောလုံးကို ဂိုးစည်းပေါ်မှ ဖျက်ထုတ်ရှင်းလင်းနိုင်ခဲ့သလို ကလောက်ဒီယိုဘရာဂါ၏ ကန်ချက်မှာလည်း ဂိုးပေါက်လွဲချော်သွားခဲ့သည်။ တစ်ဖက်တွင်လည်း ဂျော်ဒန်တိဇ်၏ ကန်ချက်ကို ဂိုးသမား ရော့စ်က ကာကွယ်တားဆီးနိုင်ခဲ့ပြီး အစားထိုးဝင်ရောက်ကစားသည့် မက်သီစ်ဒီတိုးဘတ်၏ ကန်ချက်ကိုလည်း ရော်ဂျာစ်မာတိုက ဂိုးစည်းပေါ်မှ ဖျက်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။
ပွဲချိန်အတွင်း ဒီတိုးဘတ် ဘောလုံးကို လက်ဖြင့်ထိသည်ဟု ယူဆကာ ပင်နယ်တီ ပေးအပ်ခဲ့သော်လည်း ကွင်းနံဘေး ဗီဒီယိုပြန်လည်ကြည့်ရှုစစ်ဆေးမှု ပြုလုပ်ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ဖျက်ခဲ့သည်။
အချိန်ပိုအစောပိုင်းတွင် ဘာလိုဂန်အနေဖြင့် ဂိုးသွင်းယူရန် အခွင့်အရေးရခဲ့သော်လည်း ဘောလုံးမှာ ဂိုးပေါက်လွဲချော်သွားခဲ့သည်။ သို့သော် ပွဲချိန် ၉၄ မိနစ်တွင် ဘာလိုဂန်က ဟာ့ထ်စ်အသင်း၏ နောက်တန်းခံစစ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဂိုးသမား ရော့စ်ကို ကျော်ဖြတ်ကာ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
"ကျွန်တော့်ရဲ့စိတ်က သရေရလဒ်ကို လက်မခံနိုင်ဘဲ အနိုင်ရရှိဖို့ပဲ ရည်ရွယ်ထားခဲ့တာပါ။ ကျွန်တော်တို့ အနိုင်ရနိုင်မယ်လို့ ယုံကြည်ခဲ့သလို နောက်ဆုံးမှာ တကယ်ပဲ အနိုင်ရခဲ့ပါတယ်" ဟု ဘာလိုဂန်က ပြောကြားခဲ့သည်။
မိုနာကိုအသင်းသည် ပွဲစဉ် လေးပွဲကစားပြီး လေးပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် အသင်း ၃၆ သင်းပါဝင်သည့် အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နေပြီး ဟာ့ထ်စ်အသင်းမှာမူ ရမှတ် တစ်မှတ်ဖြင့် အဆင့် ၃၃ နေရာတွင် ရှိနေသည်။
အခြားပွဲစဉ်များတွင် ဘရိုက်တန်အသင်းက ယူနီဗာစီတာတီးခရာအီအိုဗာအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ယူကာ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အာဂျက်စ်အသင်းကလည်း သွန်းအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖရိုင်းဘာ့ဂ်အသင်းက တွမ်တိအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သလို အတ္တလန္တာအသင်းကလည်း ဘိုရက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


..........................................
(English Version)
Balogun's late winner keeps Monaco perfect in Conference League
BERLIN, Nov. 26 (Xinhua) -- Folarin Balogun struck in stoppage time as Monaco edged Hearts 3-2 in the UEFA Conference League on Thursday to preserve its perfect record after four matches.
Hearts took the lead in the 16th minute when Jordi Altena drove a shot from outside the penalty area into the net after Sabah Kerjota's free kick had struck the post.
Monaco responded nine minutes later. Matthis Abline was brought down by Jamie McCart inside the area, allowing Balogun to equalize from the penalty spot.
The visitors then went ahead after Hearts lost possession near its own goal. Balogun combined with Edan Diop, who finished past goalkeeper Beau Reus, but the hosts were level again before halftime when Kerjota curled a half-volley into the top corner
Hearts continued to threaten after the interval. Sabri Guendouz had a volley cleared off the line, while Claudio Braga missed the target. At the other end, Reus turned Jordan Teze's effort behind, and Rogers Mato cleared substitute Mathys Detourbet's shot off the line.
A penalty initially awarded against Detourbet for handball was overturned following a pitch-side video review.
Balogun missed a chance early in added time, shooting wide, but made amends in the 94th minute when he broke through the home defense and beat Reus to secure the win.
"My mentality was to get the win and not hang on for the draw. I thought we could get the win and in the end, we did," Balogun said.
Monaco remains top of the 36-team standings with 12 points from four wins, while Hearts stays 33rd with one point.
Elsewhere, Brighton beat Universitatea Craiova 4-0 to move into second place, while Ajax also won 4-0 against Thun. Freiburg edged Twente 2-1, and Atalanta won 3-2 at Borac. ■
Photo caption 1: Crvena Zvezda's El Fardou Ben Nabouhane (C) vies with Monaco's Guillermo Maripan (R) during the UEFA Europa League football match between Crvena Zvezda and Monaco in Belgrade, Serbia, Sept. 8, 2022. (Photo by Predrag Milosavljevic/Xinhua)
Photo caption 2: Folarin Balogun of the United States celebrates after scoring during the round of 32 match between the United States and Bosnia and Herzegovina at the 2026 FIFA World Cup at San Francisco Bay Area Stadium in San Francisco, the United States, July 1, 2026. (Xinhua/Xu Chang)