CarsDB

ဆင်းဆင်းရဲရဲဘဝနဲ့ သေဆုံးချင်တယ်ဆိုတဲ့ ဘဏ်သူဌေးကြီး ဒန်နီ ဆန်းဖို့ဒ် ၎င်းပိုင်ဆိုင်သည့် ဒေါ်လာ ၄ ဘီလီယံ လှူဒါန်းပြီးနောက် ကွယ်လွန်ရှာ

အမေရိကန်ပြည်မှ ဘဏ်ပိုင်ရှင် သူဌေးကြီး တီ-ဒန်နီ ဆန်းဖို့ဒ်သည် ဆင်းဆင်းရဲရဲဘဝဖြင့် သေဆုံးလိုသည်ဟု ပြောခဲ့ဖူးသည်။

ယခုအခါ သူ၏ဆန္ဒပြည့်ဝခဲ့ပြီဟု ဆိုရမည်။

ဒန်နီ ဆန်းဖို့ဒ်သည် အမေရိကန်ပြည်၊ တောင် ဒါကိုတာပြည်နယ်မှ First Premier ဘဏ်ကို တည်ထောင်သူဖြစ်သည်။ အဆိုပါ ဘဏ်၏ မိခင်ကုမ္ပဏီဖြစ်သည့် United National တွင် ဒန်နီ ဆန်းဖို့ဒ်မှာ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်ဖြစ်၏။

သူဌေးကြီး ဆန်းဖို့ဒ်သည် ၎င်း၏ တဘဝလုံး ရက်ရက်ရောရော လှူဒါန်းမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီး ဘဝ နေဝင်ချိန်တွင် နောက်ဆုံးကျန်ရှိသည် ဒေါ်လာ ၄ ဘီလီယံကျော်ကိုလည်း လှူဒါန်းပစ်ခဲ့သည်။

ယင်းအနက် ဒေါ်လာ ၂ ဘီလီယံမှာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပိုင်ဆိုင်သမျှ အားလုံးလှူဒါန်းခဲ့အပြီး ပြီးခဲ့သော ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် သူဌေးကြီး ဆန်းဖို့ဒ် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။

“ကျွန်တော် ဆင်းဆင်းရဲရဲ ဘဝနဲ့ သေဆုံးချင်တယ်” ဟု သူဌေးကြီးဆန်းဖို့ဒ်က ၂၀၀၇ ခုနှစ်အတွင်း Forbes မဂ္ဂဇင်းကြီးသို့ ပြောခဲ့ဖူးသည်။

ယင်းနောက်ပိုင်း ၎င်းပိုင်ဆိုင်သည့်ငွေများကို လှူဒါန်းမှုများ အစဉ်တစိုက် လုပ်ဆောင်လာခဲ့ရာ ၂၀၂၆ ခုနှစ် ၊ မတ်လတွင် သူ၏ ကြွယ်ဝမှု ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံသာရှိတော့သည်။

သူဌေးကြီး ဆန်းဖို့ဒ်က ၎င်းအနေဖြင့် လှူဒါန်းမှုများ လုပ်ဆောင်ရာတွင်လည်း လုပ်ငန်းရှင်တစ်ဦး၏ အမြင်မျိုးဖြင့် ကြည့်ရှုတတ်ကြောင်း ပြောပြသည်။

“ဘွင်းဘွင်းပြောရရင် ကျွန်တော့်ရဲ့ လှူဒါန်းမှုက ဒေသခံတွေအပေါ် ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာ ကြည့်ပါတယ်” ဟု ဆန်းဖို့ဒ်က ပြောသည်။ ဆန်းဖို့ဒ်က သူ၏ လှူဒါန်းမှုကို ရင်းနှီးမြှုပ်နှံမှု တခုအဖြစ် ရှုမြင်ပြီး ဒေသခံပြည်သူတို့အတွက် အကောင်းဆုံးအကျိုးပြုမည့်အရာကိုသာ ရွေးချယ်သည်။ ထို့အတွက် သူဌေးကြီး ဆန်းဖို့ဒ် အဓိက လှူဒါန်းခဲ့သည်မှာ ဒေသခံတို့၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် ဖြစ်သည်။

ဘဏ်ဥပဒေ သက်ညှာ လျှော့ပေါ့

ဒေသ ဆေးရုံငယ်လေးတစ်ခုကို ဆန်းဖို့ဒ် လှူဒါန်းခဲ့မှုမှာ အမေရိကန်ပြည်တွင် ကျေးလက်ကျန်းမာရေးအတွက် အကြီးမားဆုံး လှူဒါန်းမှုများတွင် တစ်ခုဖြစ်ခဲ့ပြီး တောင်ဒါကိုတာပြည်နယ်တွင် အကြီးမားဆုံး လှူဒါန်းသူဖြစ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Larry Rhoden က ပြောသည်။

သူဌေးကြီး ဆန်းဖို့ဒ်သည် တောင်ဒါကိုတာရှိ မြေအောက်သိပ္ပံသုတေသနဌာန၊ ကျောင်းသားလူငယ် ထောင်ပေါင်းများစွာကို ပညာတော်သင်ဆု ပေးနေသည့် ပညာသင်ဆု အစီအစဉ်များ အစရှိသည်တို့ကိုလည်း အလုံးအရင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ဆန်းဖို့ဒ်သည် တောင်ဒါကိုတာပြည်နယ်၊ စိန့်ပေါမြို့လေးတွင် ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့သူ ဖြစ်သည်။

Soueast S09 2025

2,590 သိန်း

Hyundai Creta 2026

Call for Price

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

Toyota Vitz 2006

810 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

၄ နှစ်သား အရွယ်တွင် မိခင်မှာ ရင်သားကင်ဆာဖြင့် ကွယ်လွန်သွားသည်။ ၈ နှစ်သား အရွယ်တွင် ဖခင်က အထည်ဆိုင်တွင် အလုပ်ကူညီလုပ်ကိုင်ပေးခဲ့ရ၏။

ဆယ်ကျော်သက်အရွယ်တွင် အရက်သေစာ သောက်စားကာ ရန်ဖြစ်ခဲ့သောကြောင့် ကလေးထောင်သို့ အပို့ခံရသည်။ သို့သော် မင်နီဆိုးတား တက္ကသိုလ်သို့ ကျောင်းတက်ရမည့် အချိန်ရောက်နေသဖြင့် ပြစ်ဒဏ်ကာလမကုန်ဆုံးမီ စောစီးစွာ ပြန်လွှတ်ပေးခဲ့သည်။

ဆန်းဖို့ဒ်သည် တက္ကသိုလ်တက်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းနယ်သို့ ဝင်ရောက်ခဲ့၏။

၁၉၈၆ ခုနှစ်တွင် Sioux Falls ဘဏ်ကို သူငယ်ချင်းတစ်ဦးထံမှ ဝယ်ယူခဲ့သည်။ နောင်အခါတွင် First Premier Bank ဖြစ်လာသည်။

ဆန်းဖို့ဒ်က ခရက်ဒစ် မရှိသူများအတွက် ရောင်းချပေးသည့် ခရက်ဒစ်ကဒ်စနစ်ဖြင့် စီးပွားဖြစ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ Premier Bankcard မှာ ခရက်ဒစ် မရှိသူများကို အတိုးနှုန်းမြင့်မားစွာ ကောက်ခံကာ ခရက်ဒစ်ကဒ် သုံးနိုင်ရန် စီစဉ်ပေးခဲ့သည်။

တောင်ဒါကိုတာ ပြည်နယ်တွင် ဘဏ်လုပ်ငန်း စည်းမျဉ်းသက်ညှာပေးထားမှုကြောင့် သူ၏ စနစ်ကို အကောင်အထည်ဖော်နိုင်ခြင်းလည်း ဖြစ်သည်။

ထိုခရက်ဒစ်ကဒ်ကြောင့် ဆန်းဖို့ဒ်မှာ ဒေါ်လာ ၃ ဘီလီယံကျော် ဝင်ငွေရခဲ့သည်။

ဒေါ်လာ ၁၀၀၀ သုံးနိုင်သည့် ခရက်ဒစ်ကဒ်ကို ဆန်းဖို့ဒ်က အတိုးနှုန်း ၁၇၅ ဒေါ်လာ ကောက်ခံခဲ့သည်။ ထိုသို့ အတိုးနှုန်းမြင့်သော်လည်း ပုံမှန် ခရက်ဒစ်ကဒ်ဝန်ဆောင်မှု မရနိုင်သူတို့အတွက် အားထားရာ ဖြစ်ခဲ့သည်။

ထိုသို့ ကြွယ်ဝလာပြီးနောက်ပိုင်း သူဌေးကြီးဆန်းဖို့ဒ်က သူ၏ ပိုင်ဆိုင်မှုများကို ပြန်လည်လှူဒါန်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူဌေးကြီး ဆန်းဖို့ဒ်သည် ကျန်းမာရေးကဏ္ဍအတွက် စုစုပေါင်း ကန်ဒေါ်လာ ၂ ဘီလီယံကျော် လှူဒါန်းခဲ့သည်။

Chronicle of Philanthropy က ဖော်ပြသော အမေရိကန်ပြည်၏ အရက်ရောဆုံး ပုဂ္ဂိုလ် ၅၀ ဦးစာရင်းတွင် ဆန်းဖို့ဒ်လည်း ပါဝင်ခဲ့သည်။

(ဆက်စပ်သတင်း)

သူရဲကောင်းတို့ နှလုံးသား (သို့မဟုတ်) ကြွယ်ဝချမ်းသာသမျှ ဒေါ်လာ သန်း ၈၀၀၀ မှ မိမိအတွက် ဒေါ်လာ ၁ သန်းသာ ချန်ထားပြီး အားလုံးလှူဒါန်း ကာ တိုက်ခန်းငှားနေသည့် အမေရိကန်ဘီလျံနာသူဌေးကြီး

https://www.imyanmarhouse.com/news/read/1057376

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: ‘I want to die broke’: Billionaire philanthropist Denny Sanford dies after giving away $4 billion

မူရင်းသတင်း — CarsDB