NP News

မန္တလေးမြို့တွင် ညစျေးအသစ်တစ်ခုကို အောင်မြေသာစံမြို့နယ်တွင် ဆောင်ရွက်ရန် စီစဉ်နေ

ပုံစာ - မန္တလေးမြို့၊ မနော်ရမ္မံညစျေးမြင်ကွင်း

သုတကျော် (NP News) - နိုဝင်ဘာ ၂၈

မန္တလေးမြို့တွင် ညစျေးအသစ်တစ်ခု ကို အောင်မြေသာစံ မြို့နယ် တွင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်း၊ (၂၂ x ၂၆) လမ်းကြား ဧရာဝတီမြစ်ကမ်းဘေးရှိ အလျား (၈၆၀)ပေ၊ အနံ (၈၀)ပေ အကျယ်အဝန်းရှိ ကွန်ကရစ်ခင်း ရင်ပြင်ဧရိယာတွင် မန္တလေးမြို့ မြို့တော်ညဈေး (ဧရာဝတီရှုခင်းသာ) လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။

“အဲဒီဘက်က ဖွံ့ဖြိုးရေးဇုန် လုပ်မယ် ထင်တယ်။ အဲဒီနားမှာက မြို့တော် ပန်းခြံ (City Park) လည်း ရှိတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။
လက်ရှိ မန္တလေးမြို့ တွင် မနော်ရမ္မံညစျေးမှာ အစည်ကားဆုံး ဖြစ်နေပြီး ညစျေးအသစ်တစ်ခု ပေါ်ပေါက်လာမည့် အပေါ် ကြိုဆိုကြောင်း ၎င်းက ဆိုသည်။
“အခုလုပ်မယ့် နေရာက မြို့ရဲ့ အနောက်ဘက်စွန်းပေါ့။ ညစျေးတန်း အောင်မြင်မယ်ဆိုရင်တော့ ဒါက ကြိုဆိုရမယ့် ကိစ္စပါ” ဟု ၎င်းက ဆိုသည်။

မူရင်းသတင်း — NP News