Myanmar Transparency News

သုဝဏ္ဏတံတားအဆင်းတွင် YBS – 76 ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွား

၂၈. ၁၁.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ဆုပန်ရပ်ကွက်၊ သုဝဏ္ဏတံတားအဆင်းတွင် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ YBS – 76 ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှု နိုဝင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီ ၁၇ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

သာကေတမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ YBS – 76 ခရီးသည်တင်ယာဥ်တစ်စီး မောင်းနှင်လာစဥ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဒက်ရှ်ဘုတ်၊ အရှေ့နှင့်အနောက်ဘက်ရှိလေကာမှန်များ၊ ထိုင်ခုံများအပါအဝင် ယာဥ်တစ်စီးလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဥ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ်တစ်စီးတို့ဖြင့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဥ်မီးလောင်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ခရီးသည်တင်ယာဥ်မောင်း ဦးဝင်းသန်းကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News