NP News

အကြမ်းဖက်များကြောင့် ပျက်စီးခဲ့သည့် ဖလမ်းမြို့မှ ဌာနဆိုင်ရာအဆောက်အအုံ (၂၀၈)လုံး ပြုပြင်မှု ရာနှုန်းပြည့်ပြီးစီးရန် (၇) လုံးသာကျန်ရှိ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၈

အကြမ်းဖက်များကြောင့် ပျက်စီးခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဌာနဆိုင်ရာအဆောက်အအုံ (၂၀၈)လုံး ပြုပြင်မှု ရာနှုန်းပြည့်ပြီးစီးရန် (၇) လုံးသာကျန်ရှိတော့ကြောင်း ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ အချက်အလက်များအရ သိရသည်။
အဆိုပါ အစည်းအဝေးကို ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်) နံနက်ပိုင်းက တောင်ဇလပ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဒေသခံပြည်သူ့နေအိမ်အချို့နှင့် နေရပ်ပြန်လာသူများအား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် ‌ထောက်ပံ့သည့်အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်က ဆိုသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အအုံများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် ပြင်ဆင်လျက်ရှိရာ အဆောက်အအုံ ပြန်လည်ပြုပြင်သည့်လုပ်ငန်း (၂၀၈) ခု အနက် ရာနှုန်းပြည့်ပြီးစီးသည့် လုပ်ငန်းပေါင်း (၂၀၁) ခု ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ကျန်ရှိသည့် လုပ်ငန်းခုနစ်ခုအား အချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး ပူးပေါင်းကြီးကြပ်ရန် လိုအပ်ကြောင်းလည်း ဒုတိယဝန်ကြီးက ဆိုသည်။

မူရင်းသတင်း — NP News