
ဦလန်ဘာတာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်း Dornod ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြီးအကျယ် တောမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရေး အစိုးရအနေဖြင့် ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Nyam-Osor Uchral က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ တောမီးသည် အောက်တိုဘာ ၈ ရက်က Dornod ပြည်နယ်၏ အုပ်ချုပ်ရေးနယ်မြေခွဲတစ်ခုဖြစ်သော Khalkh Gol soum ဒေသရှိ Numrug အထူးကာကွယ်စောင့်ရှောက်ထားသော နယ်မြေ၏ အဓိက ဗဟိုဇုန်အတွင်း စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းမီးလောင်ကျွမ်းမှုသည် ဂျပန်ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် မွန်ဂိုလီးယား ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Mobicom က မောင်းနှင်သွားလာသည့် ယာဉ်တန်းတစ်ခုမှတစ်ဆင့် မီးပွားစတင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။
"Numrug တောမီးလောင်ကျွမ်းမှုအတွက် တာဝန်ခံမှုရှိစေရန် ကျွန်တော်တို့ တင်းကျပ်စွာ ဆောင်ရွက်သွားပါမယ်။ တာဝန်ရှိသူများကို တာဝန်ယူ တာဝန်ခံစေရေးအတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားမည် ဖြစ်ပါတယ်" ဟု Uchral က ပြောကြားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စစ်ဆေးအကဲဖြတ်ချက် အစီရင်ခံစာကို တရားဥပဒေစိုးမိုးရေး အာဏာပိုင်များထံ လွှဲပြောင်းပေးပို့ထားပြီး ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက တင်ပြသည့် ကနဦး စစ်ဆေးအကဲဖြတ်ချက်အရ အဆိုပါ တောမီးသည် စုစုပေါင်း ဧရိယာ ၄၈၄,၃၈၃.၇ ဟက်တာအထိ ကူးစက်လောင်ကျွမ်းခဲ့ပြီး ခန့်မှန်းခြေ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မွန်ဂိုလီးယား တူဂရစ်ငွေ ၃.၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၂၀ ခန့်) ရှိကြောင်း သိရသည်။
ထိခိုက်ပျက်စီးခဲ့သည့် စုစုပေါင်း ဧရိယာအနက် ၄၃၁,၅၉၂.၈ ဟက်တာမှာ Numrug အထူးကာကွယ်စောင့်ရှောက်ထားသော နယ်မြေအတွင်း ဖြစ်ပွားခဲ့ပြီး စုစုပေါင်း၏ ၈၉.၁ ရာခိုင်နှုန်း ရှိကာ ကျန်ရှိသည့် ဧရိယာမှာ ပတ်ဝန်းကျင်ဒေသများအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Numrug အထူးကာကွယ်စောင့်ရှောက်ထားသော နယ်မြေသည် မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်းတွင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် သဘာဝဂေဟစနစ်များအနက် တစ်ခုဖြစ်ပြီး ရှားပါးနှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိမျိုးစိတ်များအပါအဝင် တောရိုင်းတိရစ္ဆာန်မျိုးစုံအတွက် ကျက်စားရာဒေသရင်းဖြစ်သည်။ (Xinhua)

-----------------------
(English Version)
Mongolia to step up accountability over wildfire linked to Japanese-invested company: PM
ULAN BATOR, Nov. 28 (Xinhua) -- The Mongolian government would step up efforts to hold those responsible accountable for a massive wildfire in the eastern province of Dornod, Prime Minister Nyam-Osor Uchral said Friday.
The wildfire broke out on Oct. 8 in the core zone of the Numrug Strictly Protected Area in Khalkh Gol soum, an administrative subdivision of Dornod Province. The fire was allegedly sparked by a convoy operated by Mobicom, a Mongolian telecommunications company with Japanese investment.
"We will ensure strict accountability for the Numrug wildfire. The government will intensify efforts to hold those responsible accountable," Uchral said, adding that the damage assessment report had been forwarded to law enforcement authorities.
The wildfire affected a total area of 484,383.7 hectares, with estimated damage amounting to 3.35 trillion Mongolian tugriks (around 928 million U.S. dollars), according to a preliminary assessment presented by the Ministry of Environment and Climate Change.
Of the total affected area, 431,592.8 hectares were within the Numrug Strictly Protected Area, accounting for 89.1 percent, while the remainder was in surrounding areas.
The Numrug Strictly Protected Area is one of the best-preserved natural ecosystems in eastern Mongolia and provides habitats for a wide range of wildlife, including rare and endangered species.
Photo Caption 1 :An aerial drone photo taken on Oct. 11, 2026 shows firefighters extinguishing a grassland fire at the border area in north China's Inner Mongolia Autonomous Region. (Xinhua)
Photo Caption 2 :Firefighters patrol with fire extinguishing equipment at the border area in north China's Inner Mongolia Autonomous Region. (Xinhua)