Xinhua Myanmar

ကုန်းပြင်မြင့်တွင် နှင်းများကျဆင်းချိန် တိဗက် သဲမြေခွေးတစ်ကောင် ချစ်စဖွယ် ခေါင်းပြူကြည့်နေ

တယ်လင့်ဟား၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မကြာသေးမီရက်ပိုင်းက ချင်းဟိုင် ပြည်နယ် ဟိုင်ရှီ မွန်ဂိုလူမျိုးနှင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တယ်လင့်ဟားမြို့ရှိ ပိုင်ရှုတောင်တွင် နှင်းများကျဆင်းခဲ့ရာ တောင်တန်းနှင့် တောတောင်တစ်ခွင်လုံး ငွေရောင်နှင်းမှုန်များ ဖုံးလွှမ်းလျက် ရှိသည်။ ထိုအချိန်တွင် တိဗက် သဲမြေခွေးတစ်ကောင်သည် ၎င်း၏ တွင်းထဲမှ ထွက်လာကာ နှင်းထုများကို ဖြတ်နင်း၍ အပြင်သို့ အစာထွက်ရှာခဲ့သည်။ အစာဝလင်စွာ စားသောက်ပြီးနောက် အဆိုပါ တိဗက် သဲမြေခွေးသည် တွင်းဝသို့ ပြန်ဆုတ်ကာ နှင်းပြင်ကျယ်ကြီးပေါ်ရှိ လှုပ်ရှားမှုအခြေအနေများကို စူးစမ်းကြည့်ရှုနေခဲ့ရာ ဆောင်းရာသီ ပိုင်ရှုတောင်ရှုခင်းကို ပို၍ သက်ဝင်လှုပ်ရှားစေသည်။ (Xinhua)

------------------------------------------

(Chinese Version)

秀我中国丨雪落高原 藏狐呆萌探头

近日,青海省海西蒙古族藏族自治州德令哈市的柏树山迎来降雪,山野间银装素裹。一只藏狐走出洞穴,踏着积雪外出觅食。饱食之后,藏狐退回洞口观察雪原上的动静,为冬日的柏树山增添了灵动生机。

作者:王格尔、贝贝、陈杰、王金金

素材来源:海西州融媒体中心

新华社音视频部制作

မူရင်းသတင်း — Xinhua Myanmar